Mandalay News

0 0
Read Time:4 Minute, 0 Second

ပြည်သူဆယ်ချီသေဆုံးခဲ့သည့် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျ၊ ရေထွက်ကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၁

 

ပြည်သူ ဆယ်ချီသေဆုံးခဲ့သော မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ၊ ရေထွက်ကျေး ရွာအပါအဝင် ကျေးရွာ ၃ ရွာကို စစ်တပ်က ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာအား အ ကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ကလည်း သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာရှိ Pro 9 KTV အနောက်ကျောနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်လေကြောင်းဖြင့် ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက် ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂၀ ရက် မွန်းလွဲ ၁ နာရီ၄၅ မိနစ်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး ၁ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

“သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာရွာကို လေကြောင်းကနေတိုက်ခိုက်မှု တစ်ကြိမ် လုပ်ခဲ့တာ၊ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ပြီးတော့ လူအသေ အပျောက်များခဲ့တဲ့လိပ်ကျ၊ ရေထွက်ကျေးရွာတွေကိုလည်း ထပ်မံဗုံးကြဲချတဲ့တာ၊ ပြည်သူအထိ အခိုက်တော့မရှိပါဘူး” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်မှတ်ထားကာ လေကြောင်း တိုက် ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေပြီး မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကာကွယ် နိုင် ရေးအတွက် ဗုံးခိုကျင်းများတူးထားကြရန်နှင့်လေကြောင်းရန် ကာကွယ်ရေးနည်းလမ်းများကို လိုက်ပေးကြပါရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။

ဧပြီလ ၁၈ ရက် နံနက် ၁၀ နာရီ ၈ မိနစ်က သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို အကြမ်းဖက်စစ် ကောင်စီ၏ မိတ္ထီလာ ရှမ်းတဲလေတပ်တက်လာသော ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး ၁ လုံးကြဲ တိုက် ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာနေအိမ်အဆောက် အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။

 

အလားတူ ဧပြီလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ကလည်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၂၀၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၄ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *