စစ်ကိုင်းမြေငလျင်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား/သူ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးပြီး ၃၀၀ နီးပါး ဒဏ်ရာရ ၊ စစ်ကောင်စီက ငလျင်ကြောင့်ထိခိုက် ပျက်စီး ထားသော အဆောက်အအုံအအတွင်း ပြန်လည်ဝင် ရောက် နေထိုင်ရန် ဖိအားပေးခြိမ်းခြောက်နေ
သံလွင်မြန်မာသတင်း
ဧပြီလ ၂၀
စစ်ကိုင်းမြေငလျင်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား/သူ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးပြီး ၃၀၀ နီးပါး ဒဏ်ရာရ ၊ စစ်ကောင်စီက ငလျင်ကြောင့်ထိခိုက် ပျက်စီး ထားသော အဆောက်အအုံအအတွင်း ပြန်လည်ဝင် ရောက် နေထိုင်ရန် ဖိအားပေးခြိမ်းခြောက်နေ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းများက ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၁ မိနစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းမြေငလျင်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း၌ အိုမင်းဟောင်းနွမ်း၍ ပြုပြင်မွမ်းမံခြင်းမရှိသော အကျဥ်းထောင် အ ဆောက် အအုံများပြိုကျကာ နိုင်ငံရေးအကျဥ်းသား ၁၀ ဦး၊ နိုင်ငံရေး အကျဉ်းသူ ၁၀ ဦးအပါအဝင် အကျဥ်းသူ/သားစုစုပေါင်း ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၈၀ ဦးကျော်ရှိ ကြောင်း သိရသည်။
ထိုကဲ့သို့ အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသူ/သားများသည် ငလျင်ကပ်ဘေးကို ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ကြရသော်လည်း ယခုချိန်အထိ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့စည်းများထံမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီမရရှိကြသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ သတင်း အမှောင်ချခံထားရထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုသည် အကျဥ်းထောင်တွင်း ငလျင်ကြောင့် ထိခိုက်သေဆုံးမှုအခြေအနေများကို ယနေ့အချိန်အထိ ရည်ရွယ်ချက်ရှိရှိ သတင်းဖုံးကွယ်ထားသည့်အပြင် ငလျင်ဒဏ်ခံစားထားရသည့် နိုင်ငံရေးအကျဥ်းသူ/သားများကို ထောင်ပြောင်းရွှေ့မည်ဟု ခြိမ်းချောက်ဖိနှိပ်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားထားရ သည့် နိုင်ငံရေးအကျဥ်းသူ/သားများသည် ထောင်တွင်းဆေးကုသမှု လုံလုံလောက်လောက် မရရှိကြရ သည့်အပြင် အကျဥ်းထောင်၀န်ထမ်းများ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကိုပါ ခံနေကြရကြောင်း သိရ သည်။
ငလျင်ကြောင့် ပျက်စီးယိုယွင်းနေသော အကျဥ်းထောင်အဆောက်အအုံများအတွင်းသို့ ၀င်ရောက်နေ ထိုင်ရန် အတင်းအကြပ်စေခိုင်းမှုများ ရှိနေပြီး ၎င်းတို့၏ စေခိုင်းမှုကို မနာခံသော နိုင်ငံရေးအကျဉ်း သူ/သား များကို သာယာ၀တီထောင်သို့ ပြောင်းရွှေ့ရန် ခြိမ်းခြောက်စီစဉ်လျက်ရှိကြောင်း သိရသည်။
ငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များကြောင့် နိုင်ငံရေးအကျဥ်းသူ/သားများ၏ အကျဉ်းထောင် တွင်း နေထိုင်ရမှုမှာ အချိန်မရွေး သေဆုံးနိုင်ချေရှိသည့် အသက်အန္တရာယ် စိုးရိမ်ရမှုများ၊ အာဏာပိုင် များ၏ ခြိမ်းခြောက်ခံရမှုများကြားတွင် နေ့စဉ်နေထိုင်နေကြရလျက် ရှိကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မန္တလေး အိုးဘိုအကျဥ်းထောင်အပါအဝင် နိုင်ငံတဝှမ်း အကျဉ်းထောင်များအတွင်းရှိ နိုင်ငံ ရေးအကျဥ်းသူ/သားများ လက်ရှိရင်ဆိုင်နေရသော အခြေအနေများနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်များထဲမှ နိုင်ငံ ရေးအကျဉ်းသားများအား အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်စွာ ဖိနှိပ်အကြမ်းဖက်မှု အခြေအနေအား စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြရန် နိုင်ငံရေးအကျဉ်းသားများကိုယ်စား နိုင်ငံရေးအကျဥ်း သူ/သား ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းများမှ အထူးတိုက်တွန်းတောင်းဆိုလိုက်သည်။
အဆိုပါ အဖွဲ့အစည်းများမှာ Political Prisoners Network – Myanmar (PPNM) ၊ Assistant Association For Political Prisoners (AAPP) ၊ Karenni Political Prisoners Association (KPPA) ၊ Women’s Organization Of Political Prisoners (WOPP) ၊ နိုင်ငံရေးအကျဥ်းသား ဟောင်းများအဖွဲ့ (FPPS) ၊ ‘နွေဦးတမာန်’ နိုင်/ကျဉ်းကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ထောင်ဝင်စာပို့ ကြမယ် အဖွဲ့အစည်းတို့ဖြစ်သည်။
Thanlwin Myanmar Media