KNU News

0 0
Read Time:3 Minute, 34 Second

အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး၊ အဖွားအိုတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၅ လုံးပျက်စီး

 

D Day News

ဧပြီလ ၂၆

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ဒူးသထူခရိုင် အုပ်ချုပ်မှု နယ် မြေအတွင်းရှိ သထုံမြို့နယ်၊ လယ်ဒိုမြို့နယ်တို့အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦး၊ အဖွားတစ်ဦး အပါအဝင် ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၂၂ ရက် ည ၁၁ နာရီခန့်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ အမှတ် ၉ ခြေမြန် တပ် ရင်းမှ ကေအဲန်ယူ-သထုံမြို့နယ်၊ ဓနုကျေးနယ်ရှိ ရွာများထဲသို့ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ မရမ်းကျေးရွာအတွင်း လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး ထိမှန် ပျက်စီး ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၀ ရက် ည ၈ နာရီခွဲမှ ၉ နာရီ မိနစ် ၂၀ အထိ လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်မှ ကေအဲန်ယူ-ဖားအံမြို့ နယ်ရှိ အရပ်သားပြည်သူနေထိုင်ရာ ရွာများထဲသို့ (Y-12)လေယာဥ်ဖြင့် လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့ရာ ထီးနူရွာနေ အသက် ၁၂ နှစ်အရွယ် နော်ချေမူး၏ ညာဘက် လက်မောင်းနှင့် အသက် ၈၅ နှစ်အရွယ် ဖီးပန်းပု၏ ညာဘက်လည်ပင်းရှပ်ထိ၍ညာဘက်ခြေထောက် ခြေဖမိုး ခြေကြောပြတ်ကာ ဘယ်ဘက် ခြေချောင်း နှစ်ချောင်းတို့အား လက်နက် ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့ပြီး ထီးနူရွာဘုန်းကြီးကျောင်းဝန်းရှိ နှစ်ခန်းတွဲ အိမ်သာ (၁)လုံးတို့ကို ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၁၈ ရက်နေ့ကလည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ပိန္နဲတောတပ်စခန်းမှ ကေအန်ယူ-သထုံမြို့နယ် မင်းလွင်ကျေးနယ်ရှိ ရွာများထဲသို့ လက်နက်ကြီး ၄ လုံး ပစ်ခတ်မှုကြောင့် ဝမ်းဘဲအင်းကျေးရွာနေ နော်သွယ်သွယ်ဟန်၏ဆိုင်ရှေ့တွင် ၁ လုံး ကျရောက်ပေါက်ကွဲရာလက်နက် ကြီး ကျဥ်စထိမှန်၍ နော်သွယ်သွယ်ဟန် ပိုင်သော ဆီပုံး ၅ ပုံးနှင့် ထိုရွာအတွင်းနေထိုင်သော ဦးစံရှား ပိုင်သော ကား (၂)စီး ထိမှန်ပျက်စီးကာ နော်သွယ်သွယ်ဟန် ဖခင်ဖြစ်သူ ဦးရဲဝင်း၏ ညာဘက်ခြေ သလုံး ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်အချိန်ကလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ပဒဲကောကျေးရွာသို့ အာ ဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပဒဲကောကျေးရွာ နေအိမ် ၄ လုံးပျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဘောကထာ ကျေးရွာသို့ လေယာဉ်လာရောက် ဗုံးကျဲမှုကြောင့် ပြည်သူပိုင်အဆောက်အဦး များ မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *