CDM News

0 0
Read Time:2 Minute, 46 Second

ကော့သောင်းမြို့အခြေစိုက် ခမရ ၄၃၁ တပ်ရင်းမှ ကင်းစောင့်စစ်သားများနှင့် လုံးထွေး သတ်ပုတ်ပြီး ထွက်ပြေးလာခဲ့သူ စစ်မှုထမ်းတပ် သား ၃ ဦးကို လွတ်မြောက်၊ ကော့သောင်းပကဖ ထံ ၁ ဦးအလင်း ဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အခြေစိုက် ခမရ ၄၃၁ တပ်ရင်းမှ ကင်းစောင့် စစ်သားနှင့် လုံးထွေး သတ်ပုတ်ကာ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သား ၃ ဦးကို လွတ်မြောက်ခဲ့ပြီး ၁ ဦးသည် ကော့ သောင်းပကဖ ထံသို့ ဆက်သွယ်ကာ အလင်းဝင်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၇ ရက်နေ့က ကော့သောင်းမြို့နယ် ၄၃၁ ခြေမြန် တပ်ရင်းမှ ထွက်ပြေးလာသည့် ကိုအောင် စိုး အပါအဝင် ၃ ဦးသည် ကင်းစောင့် စစ်သားကို လုံးထွေး သတ်ပုတ်ကာ ထွက်ပြေးလာခဲ့ရကြောင်း၊ ထို့သို့ လုံးထွေးသတ်ပုတ်ခဲ့ရသဖြင့် ၃ ဦးလူစုကွဲသွားကာ လွတ်မြောက်ခဲ့ပြီး ကိုအောင်စိုးသည် ကော့ သောင်းပြည်သူ့ကာကွယ်ရေး ပကဖ အဖွဲ့ထံဆက်သွယ်ကာ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ကိုအောင်စိုးသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့ မှ ကော့သောင်းမြို့သို့ ပို့ဆောင် ခံရကာ စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် ကော့သောင်းမြို့ခြေမြန်တပ်ရင်း ၄၃၁ သို့ ဖမ်းဆီးပို့ဆောင် ခံရသူဖြစ်ကြောင်း၊ ၎င်းသည် ခမရ ၄၃၁ တပ်ရင်းတွင် တစ်လခန့်အကြာနေထိုင်ခဲ့ရပြီး ၃ ကြိမ်‌ မြောက်ထွက်ပြေးရာမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပထမအကြိမ်ထွက်ပြေးမှုတွင် ကိုအောင်စိုးအပါအဝင် ၅ ဦးဖြစ်ပြီး တစ်ဦးလွတ်မြောက်သွားကာ ကို အောင်စိုးအပါအဝင် ၄ ဦးမှာ ပြန်လည်ဖမ်းခံလိုက်ရကြောင်း၊ ထိုသို့ ထွက်ပြေးလွတ်မြောက်လာသူ စစ်မှုထမ်းတပ်သားတစ်ဦးသည် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ဆက်သွယ် ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကိုအောင်စိုးအပါအဝင် ၃ ဦးသည် ထပ်မံထွက်ပြေးခဲ့ရာ ပြန်လည်ဖမ်းမိသွားပြီးနောက် ယခုအခါ ၃ ကြိမ်မြောက် ထွက်ပြေးလာစဉ် ၃ ဦးစလုံလွတ်မြောက်လာခဲ့သော်လည်း ကော့သောင်း ပကဖ ထံသို့ ကိုအောင်စိုးတစ်ဦးတည်းသာ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ကော့သောင်းပြည်သူ့ကာကွယ်ရေး ပကဖ အနေဖြင့် ပြည်သူဘက်သို့ကူးပြောင်း အလင်းဝင်သည့် မည်သူ့ကိုမဆို လက်ခံကြိုဆိုလျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *