Yangon News

0 0
Read Time:1 Minute, 38 Second

ရန်ကုန်မြို့၊ ကမာရွတ်ရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

 

သံလွင်မြန်မာသတင်း

ဧပြီ

 

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ကမာရွတ်ရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Yangon UG People Army – YUPA ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် ည ၉ နာရီ ၅၇ မိနစ်က ကမာရွတ်မြို့နယ်၊ ကမာရွတ်မြို့မရဲစခန်းအတွင်း သို့ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ တပ် သား ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon UG People Army (YUPA) နှင့် မဟာမိတ် ညီနောင်ဖြစ်သော Operation Flam (OF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားရဲဘော်များ ဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

 

Yangon UG People Army – YUPA တပ်ဖွဲ့အနေဖြင့် မြို့ပြ မစ်ရှင်များကို အရှိန်မြှင့်လုပ်ဆောင် မည်ဖြစ်ပါသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများရှိသော နေရာများကိုရှောင်ရှား သွားလာကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *