စဉ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဧပြီလ ၁၈
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်နှင့်သပိတ်ကျင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ စာ သင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ တစ်လုံး ကြဲချခဲ့ရာ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦး စုစုပေါင်း ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့အပြင် စာသင်ဆောင် ၃ ဆောင်လည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရ သည်။
အလားတူ ယနေ့ ဧပြီလ ၁၈ ရက် ညနေ ၄ နာရီ ၃၆ မိနစ်တွင် သပိတ်ကျင်းမြို့နယ် ၊ ရေထွက်ရွာ လမ်းခွဲ အနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာရှမ်းတဲလေတက် ဂျက်ဖိုက်တာ တစ်စီး ဖြင့် ဗုံး ၂ လုံး ကြဲချခဲ့ရာ ပြည်သူ အထိအခိုက်မရှိသော်လည်း မီးတိုင် တစ်ခု လဲ ကျခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဧပြီလ ၁၇ ရက် ည ၈ နာရီ ၁၅ မိနစ်က စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအနီး ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် အ မျိုးသမီး ၁ ဦးထိမှန်သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေယာဉ်သံကြားပါက ဗုံးခိုကျင်းအတွင်းသို့ အမြန်ဆုံးဝင်ရောက်ပိုခိုကြ ရန်၊ ပေါ့ဆစွာနေထိုင်ခြင်းမပြုပြဲ ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာပေးကြပါရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media