Political News

0 0
Read Time:4 Minute, 28 Second

နိုင်ငံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်မည့် ကျောင်းသားလက်ရုံးတပ်တော် ပေါ်ပေါက်လာ ပြီဖြစ်သောကြောင့် တကသများ ရန်ကုန်ကို ဖျက်သိမ်း

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

နိုင်ငံရေးတာဝန်များကို ဆက်လက်ဆောင်မည့် ကျောင်းသားလက်ရုံးတပ်တော်ပေါ်ပေါက်လာပြီဖြစ် သောကြောင့် ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ – ရန်ကုန်) ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့က ကြေညာသည်။

 

တကသများ-ရန်ကုန်သည် ကျောင်းသားသမဂ္ဂများ ပေါင်းစည်းစုဖွဲ့ထားသည့် အဖွဲ့အစည်းဖြစ်သည် နှင့်အညီ ဤလေးနှစ်တာအတွင်း လုပ်ကိုင်ဖော်ဆောင်ခဲ့မှုများမှာလည်း ကျောင်းသားထုအား ကိုယ် စားပြုလျက် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်မူ ကျွန်ုပ်တို့ ကိုယ်တိုင်အနေဖြင့် ကိုယ်စား ပြု ထားသည့် ကျောင်းသားထုနှင့် ဝေးကွာလာပြီဖြစ်ကြောင်းကို ကျေလည်လက်ခံပြီးဖြစ်သည့် အ လျောက် အဆိုပါကိုယ်စားပြုမှုအား ကိုင်စွဲလျက် ဆက်လက် လုပ်ကိုင်ရန်မှာလည်း မဖြစ်သင့်ပြီဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ကြောင်း အသိပေးထားသည်။

သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် စတင်ကျင်းပခဲ့သော တကသများ-ရန်ကုန်၏ အ ရေးပေါ်ညီလာခံ ဆုံးဖြတ်ချက်အရ “တကသများ-ရန်ကုန်” တစုတဖွဲ့လုံးအားဖြင့် ကိုင်စွဲထားသော ကိုယ်စားပြုမှုကို သက်ဆိုင်ရာ ကျောင်းသားထုတရပ်လုံးထံ ပြန်လည်အပ်နှင်းလိုက်ပြီး “ရန်ကုန် အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)” ကိုလည်း တပါတည်း ဖျက် သိမ်းလိုက်ကြောင်း ကျောင်းသားထုနှင့်တကွ လူထုတရပ်လုံးအား အသိပေး ကြေညာထားသည်။

 

တကသများ-ရန်ကုန်၏ အဖွဲ့ဝင် ကျောင်းသားသမဂ္ဂများအသီးသီးအနေဖြင့် မိခင်သမဂ္ဂ တခုချင်းစီ၏ သဘောထားဆုံးဖြတ်ချက်များအလျောက် ယခု တော်လှန်ရေး အတွင်း သက်ဆိုင်ရာ ကျောင်းသားထု နှင့် တကွ ပြည်သူလူထုတရပ်လုံးနှင့် အတူ ဆက်လက် ရပ်တည်သွားမည် ဖြစ်သည်ဟု ဆိုသည်။

 

ထို့အပြင် တကသများ-ရန်ကုန်သည် လေးနှစ်တာ တော်လှန်ရေး ခရီးကြမ်းတွင် ကျောင်းသား လက် ရုံးတပ်တော် (SAF) အား နိုင်ငံရေးဦးဆောင်မှုပြုသော မိခင်အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

 

ယခု အခါ ဆက်လက်ချီတက်ရဦးမည့် တော်လှန်ရေးခရီးကြမ်းတလျှောက်တွင်လည်း ပိုမိုကျစ်လျစ် အား ကောင်းသော အဖွဲ့အစည်း တရပ်အဖြစ် လူထုနှင့်အတူ ဆက်လက် ရပ်တည်ချီတက်နိုင်ရန် အ တွက် အထက်ဖော်ပြပါ အရေးပေါ်ညီလာခံ၏ ဆုံးဖြတ်ချက်အရ အခြေခံမူဝါဒ ၅ ချက်၊ မျှော်ရည် ချက်နှင့် တာဝန်ကြီး ၆ ရပ်တို့ကို ချမှတ်ထားသော “ကျောင်းသားတပ်ဦး/ ကျောင်းသား လက်ရုံးတပ် တော်” သည် တကသများ-ရန်ကုန်၏ နိုင်ငံရေးအတွေးအခေါ်များ၊ ရပ်တည်ချက်များနှင့် နိုင်ငံရေး ဦးဆောင်မှုတာဝန်များကို ပုခုံးပြောင်းဆက်ခံကာ ဦးလည်မသုန် နောက်မတွန့်ဘဲ ရွပ်ရွပ်ချွံချွံ ဆက် လက်ချီတက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ထားသည်။

 

ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) သည် စစ်အာဏာ သိမ်း ချိန်မှစ၍ အကြမ်းမဖက် အာဏာဖီဆန်ခြင်းဖြင့်သော်လည်းကောင်း၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို တည်ထောင်၍ လက်နက်ကိုင်တော်လှန်ခြင်းဖြင့် သော်လည်းကောင်း ဆန့်ကျင်တော်လှန် ခဲ့ကြောင်း သိရသည်။

 

လေးနှစ်ကျော် ကာလအတွင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ – ရန်ကုန်)မှ ရဲဘော်ရဲဘက်များစွာ စစ်တပ်၏ မတရားဖမ်ဆီးခြင်းကို ခံရပြီး ရက်စက်စွာ နှိပ်စက်ခံ ရပြီးနောက်တွင် အကျဉ်းထောင် အသီးသီးတွင်လည်းကောင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ ရှိခဲ့၍ လည်းကောင်း၊ မြင့်မြတ်စွာ အသက်ပေး၍ ကျဆုံးခဲ့ခြင်းတို့ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *