Chin State News

0 0
Read Time:5 Minute, 27 Second

မင်းတပ်မြို့တွင် မိုင်းပေါင်း အလုံး ၂ ထောင်ကျော်ရှင်းလင်းပြီးသော်လည်း လက်ကျန်မိုင်းများစွာရှိနေ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် မိုင်းအလုံးပေါင်း ၂ ထောင်ကျော်ရှင်းလင်းပြီးသော်လည်း လက်ကျန် မိုင်များစွာကျန်ရှိနေသေးကောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ထားသည်။

 

ဧပြီလ ၁၇ ရက်နေ့ အထိ မင်းတပ်မြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော မြပ်မြှုပ် မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင် မိုင်းစုစုပေါင်း (၂,၀၀၀) ထက်မနည်း ရှင်းလင်းထားပြီးဖြစ်သော်လည်း လက်ရှိတွင် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သကဲ့သို့ မိုင်းရှင်းလင်းနိုင်ခြင်းမရှိ သေးသည့် နေရာအချို့ ရှိနေကြောင်း သိရသည်။

 

ထိုသို့သော အန္တရာယ်ရှိနေရာများတွင် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေး၊ သတိ ပေးစာ တန်းများ ရေးသားသတ်မှတ်ထားကြောင်း အသိပေးထားသည်။

မြေမြုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများမှာ ၁။ ဘောင်ထဲကျေးရွာ ရေသန့်စင်စက် သွားရာ လမ်းတလျှောက်နှင့် ရေသန့်စက်အနီးတဝိုက် ၂။ ဘောင်ထဲရွာ သင်္ချိုင်းမရောက်မီ ဖြတ်လမ်း၊ တောလမ်းများ ၃။ ဘောင်ထဲကျေးရွာသွားလမ်း ညာ ဘက် လူငယ်ဂေဟာအနောက်ဘက်တောလမ်း ၄။ ဦးဝမ္မသူးမောင်းပန်းခြံတဝိုက် ၅။ စစ်ကောင်စီ အထိုင်ချခဲ့သော မြို့အဝင်ဂိတ်နားတဝိုက်တို့ဖြစ် ကြောင်း သိရသည်။

 

ထို့အပြင် ၆။ မြို့ဝင်မီးသတ်ကုန်းတစ်ဝိုက် ၇။ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးဝန်း ၈။ အ.ထ.က (၂) နှင့် တာဝါတိုင်ကုန်းကြားနေရာများ ၉။ စီမံကိန်းရုံးမျက်နှာချင်းဆိုင်ရှိ နေအိမ်များ၏ နောက်ဖေးခြံ ဝန်းများ ၁၀။ တတိယမြို့ပတ်လမ်းရှိ ဟုန်းမိသားစုဟိုတယ်အနီး ဦးထန်းယောအိမ်နောက်ဖေး ခြံ ဝင်းတဝိုက် ၁၁။ လှေးကောင်းလမ်းခွဲအောက် ဖြတ်လမ်းရှိ သင်္ချိုင်းဇရပ်အနီးတဝိုက် တို့ဖြစ်ကြောင်း သိရသည်။

 

မြေမြုပ်မိုင်းများအများအပြား ကျန်ရှိနေသေးသော နေရာများမှာ ၁။ ဆည်မြောင်းရုံးအပေါ်ဘက် စေတီငယ်ဝန်းကျင်မှစ၍ မြလေးပွင့်စေတီတောင်ကြောတလျှောက်။ ၂။ ၂၇၄ ခြံစည်းရိုး အောက်ပိုင်း နှင့် မင်းတပ် – မတူပီလမ်းအပေါ်ဘက် ကြားနေရာတလျှောက်။ ၃။ တောင်ပုလုကျောင်းအဝင်၀ ခလရ ၂၇၄ ဂိတ်ရှေ့ဝန်းကျင်မှစ၍ မင်းတပ် – မတူပီလမ်းအထိ ဘောလုံးကွင်းငယ်များတဝိုက်။ ၄။ ဆည်မြောင်းရုံးနှင့် Grace ဘုရားကျောင်းဝန်းကျင်မှစ၍ နတလ (၁)၊ အိမ်တွင်းမှုကျောင်းနှင့် မြလေး ပွင့်ဘုရားကုန်းတောင်ကြောတလျှောက်။ ဖြစ်သည်ဟု ဆိုသည်။

 

အလားတူ ၅။ မြလေးပွင့်ရပ်တော်မူဘုရားကုန်း အောက်ဘက်နှင့် မင်းတပ် – ကန်ပက်လက်လမ်း အ ပေါ်ဘက် ကြားရှိ ထင်းရူးတောမှစ၍ ပန်းအော့ရွာလမ်းခွဲအထိ တောအုပ်တလျှောက်လုံး (အန္တရာယ် များ)။ ၆။ ပန်းအော့လမ်းခွဲဝန်းကျင်မှစ၍ ၃ မိုင် ၅ ဖာလုံ ချောက်တော်ရွာ စာသင်ကျောင်းဝင်းတ ဝိုက်။ ၇။ ၄ မိုင်ကုန်းအနီးဝန်းကျင်နှင့် အနီးတဝိုက်။ ၈။ ခရိုင်မီးသတ်ကုန်းနှင့် တက္ကသိုလ်ကုန်း အ ကြား (အန္တရာယ်များ)။ ၉။ ၄ မိုင်ဘုန်းကြီးကျောင်း အပေါ်ဘက် တက္ကသိုလ်ကုန်းဝဲယာ တောင်ကြော တလျှောက်မှစ၍ ၁၄ မိုင်အထိ။ ၁၀။ ၄ မိုင်ကုန်းဘုန်းကြီးကျောင်းမှစ၍ မင်းတပ် – မတူပီ ကားလမ်း အပေါ် ဘက်တလျှောက် ၆ မိုင်ဘုန်းကြီးကျောင်းအထိ တို့ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိုင်းရှင်းလင်းနိုင်ခြင်း မရှိသေးသည့်နေရာများ (အထူးသဖြင့်) အ ထက်ဖော်ပြပါ နေရာ၊ တောအုပ်များတွင် လတ်တလော သွားလာခြင်း မပြုလုပ်ရန်၊ ကျေးရွာ၊ ရပ် ကွက်များအတွင်း စစ်ကောင်စီလက်ကျန်မိုင်း၊ ပေါက်ကွဲတတ်သော ဝတ္ထုပစ္စည်းများ ထိတွေ့ ကိုင် တွယ်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် မိမိပတ်ဝန်းကျင်တွင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိပါ က ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ထံလည်းကောင်း၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ထံသို့ လည်းကောင်း ချက်ချင်းသတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီ၏ လက်ကျန်မိုင်းများကြောင့် မင်းတပ်မြို့ အရှေ့ပြင် တောင်ယာခင်းတနေရာတွင် အ သက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး မိုင်းနင်းမိပြီး ခြေထောက်တွင် ပြင်းထန် ဒဏ်ရာနှင့် မင်းတပ် မြို့နယ် ကျေးရွာတစ်ရွာတွင်လည်း အသက် ၉ နှစ်အရွယ်ကလေးငယ်တဦး စစ်ကောင်စီလက်ကျန် မိုင်း ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားပြီး လက်တွင် ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *