NUG အစိုးရအနေဖြင့် တိုင်း ၇ ခု၊ ခရိုင် ၁၀ ခု၊ မြို့နယ် ၁၈၃ ခုတို့တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်းစွာ လည်ပတ်လျက်ရှိ
သံလွင်မြန်မာသတင်း
ဧပြီလ ၁၈
NUG အစိုးရအနေဖြင့် တိုင်း ၇ ခု၊ ခရိုင် ၁၀ ခု၊ မြို့နယ် ၁၈၃ ခုတို့တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ်လျက်ရှိကြောင်း NUG အစိုးရ ၊ ၄ နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။
နယ်မြေစိုးမိုးထိန်းချုပ်မှုအရ စစ်ကောင်စီအုပ်ချုပ်မှုကို ဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်ရေး ထူ ထောင် နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော် ဆောင်မှုဗဟိုကော်မတီကို ပြည်ထောင်စုဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားရှိပြီး ယခုအချိန် တွင် တိုင်း ၇ ခု၊ ခရိုင် ၁၀ ခု၊ မြို့နယ် ၁၈၃ ခုတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကောင်းစွာ ဖွဲ့စည်း လည် ပတ်လျက်ရှိကြောင်း အစီရင်စာတွင် ဖော်ပြထားသည်။
အဆိုပါ မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့်ဆက်စပ်၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ ဝန် ဆောင်မှုလုပ်ငန်းများကို အားစိုက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင် ရွက်နိုင်ရန်အတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ မြို့ နယ် ၉ မြို့နယ် နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို မြို့နယ် ၄၈ ခုတွင် ဖွဲ့စည်းထူထောင်ပြီးဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၄ ခုနှစ်တွင် မြေပြင်ပြည်သူ့အုပ်ချုပ်ရေးသင်တန်းကျောင်းကို သင်တန်းသားဦးရေ ၁၀၀ ၀၀ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးနည်းပြဆရာဖြစ်သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ကာ ၂၅ ဦး မွေးထုတ် နိုင်ခဲ့ကြောင်း၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ကျွမ်းကျင်နိုင်စေရေးအတွက် မြေပြင်သင်တန်း အပတ်စဉ် ၃ ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား ၁၉၆ ဦးကို သင်တန်းပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ပအဖ ၃ ဦးအား တာဝန်မှရပ်ဆိုင်းခြင်း၊ မြို့နယ် ၂ မြို့နယ်မှ ပအဖများအား နှုတ်ဖြင့်သတိပေးခြင်း၊ ပအဖတာဝန်ခံတစ်ဦးအား တရားရေးနည်းလမ်းအရ အမှုဖွင့်လှစ်ဆောင် ရွက်နေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပလဖ(၂)ဦးအား တာဝန်မှရပ်ဆိုင်းခြင်း၊ ပလဖ ၃ ဦး အား မှတ်တမ်းဝင်သတိပေးလက်မှတ်ရေးထိုးခြင်း၊ ပလဖ ၅ ဦးအား တရားရေးနည်းလမ်း အရ အမှု ဖွင့်လှစ် ဆောင်ရွက်ခြင်းများနှင့် ပလဖတာဝန်ခံတစ်ဦးအား စုံခုံဖွဲ့စစ်ဆေးလျှက် ရှိကြောင်း၊ ထို့အပြင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်၂ ဦးအား မှတ်တမ်းဝင် သတိပေးလက်မှတ်ရေးထိုးခြင်းများလည်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဗဟိုတိုင်ကြားစာစိစစ်ရေးကော်မတီသို့ တိုင်း နှင့် ပြည်နယ် ၅ ခုမှ တိုင်စာပေါင်း ၁၀၃ ခု ရောက်ရှိခဲ့ပြီး ကရင်ပြည်နယ် ၁ ခု၊ စစ်ကိုင်းတိုင်း ၇၇ ခု၊ ပဲခူး တိုင်း ၂ ခု၊ မကွေးတိုင်း ၁၇ ခုနှင့် မန္တလေးတိုင်း ၆ ခုတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းသည် တိုင်ကြားမှုများ အားလုံး၏ (၇၄.၇၅%) ဖြင့် အများဆုံးရှိခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဗဟိုတိုင်ကြားစာစိစစ်ရေးကော်မတီမှ ၂ဝ၂၃/ ၂၄/ ၂၀၂၅ ခုနှစ်အတွင်း တိုင်ကြားစာလက်ခံရရှိမှု ၁၀၃ ခု၊ လွှဲပြောင်းပေးပို့မှု ၃၄ ခု၊ ဆောင်ရွက်ပြီးစီးမှု ၄၃ ခုနှင့် ဆောင်ရွက်ဆဲ တိုင်ကြားစာ ၂၆ ခုတို့ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ရဲ၊ ပလဖအဖွဲ့များမှ တင်ပြသည့် အမှုကြီး ၁၀ မျိုးတွင် ဖြစ်ပွားမှုအနေဖြင့် ၃ဝ၁ မှု အနက် တရားရုံးတင်အမှုစွဲဆိုမှု ၂ဝ၅ မှု၊ ပိတ်သိမ်းမှု ၂၆ မှုနှင့် အမှုလက်ကျန် ၇၀ မှုဖြစ်ပကြောင်း သိရသည်။
အမှုကြီး ၁၀ မျိုးတွင် မုဒိမ်းမှု ၁၂၈ မှုအများဆုံး ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးအဖြစ် လူသတ်မှု ၉၆ မှု ဖြစ်ပွားခဲ့ကြောင်း၊ အခြား (၁၀) မှု အမျိုးအစားတွင် ၅၂၅ မှု ဖြစ်ခဲ့ပြီး (၃၀၆)မှု စွဲတင်ခဲ့ကာ (၁၉၇)မှု ပိတ် သိမ်း၍ (၂)မှုကျန်ရှိသည်ဟု ဆိုသည်။
အခြား(၁၀)မှုအမျိုးအစားတွင် ကျန်အခြားအမှု (၃၁၄)မှု အများဆုံးဖြစ် ပွားခဲ့ပြီး ဒုတိယအများဆုံး အဖြစ် နာကျင် (ရိုးရိုး) အမှု (၁ဝ၄)မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၂၄-၂ဝ၂၅ မဟာ ဗျူ ဟာ စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်၊ တိုင်း(သို့) ဖက်ဒ ရယ် ယူနစ် အစိုးရများ ပေါ်ပေါက်လာနိုင်ရေးအတွက် ပြည်နယ်၊ တိုင်း (သို့) ဖက်ဒရယ်ယူနစ်များရှိ Stakeholder များနှင့် မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း အလေးထားဆောင်ရွက်လျက် ရှိကြောင်း အသိပေးထားသည်။
တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ်အစိုးရများကို ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပေါ် ပေါက်လာစေရန်အတွက် အထူးအလေးထားဆောင်ရွက်သကဲ့သို့ မိတ်ဖက်မဟာမိတ် တိုင်းရင်း သားများ နှင့်အတူ လက်တွဲကာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း NUG အစိုးရ ၄ နှစ်ပြည့် အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
Thanlwin Myanmar Media