NUG News

0 0
Read Time:5 Minute, 8 Second

မြို့နယ်ပေါင်း ၂၃၅ မြို့နယ်တွင် PDF တပ်ရင်း၊ တပ်ဖွဲ့စုစုပေါင်း ပေါင်း ၃၅၆ ဖွဲ့ကို ဖွဲ့စည်းထားပြီး တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲ ကာ မဟာဗျူဟာ ထိုးစစ်ဆင်တိုက်ခိုက်နေ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

မြန်မာနိုင်ငံတဝန်းရှိ မြို့ပေါင်း ၂၃၅ မြို့နယ်တွင် PDF တပ်ရင်း ၊ တပ်ဖွဲ့စုစုပေါင်း ၃၅၆ ဖွဲ့ကို ဖွဲ့စည်း ထားပြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ မဟာဗျူဟာ ထိုးစစ်ဆင်တိုက် ခိုက်နေကြောင်း NUG အစိုးရ ၄ နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။

 

၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO/ပကဖ) များကို တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၁၆ ရင်း အပါအဝင် ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ စုစုပေါင်း ၃၅၆ ဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ၂၃၅ မြို့နယ်တွင် အတည်ပြုဖွဲ့စည်းပြီးဖြစ်ကာ ၁၁ မြို့နယ်တွင် တိုးချဲ့ဖွဲ့စည်းလျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်တိုင်းအလိုက် မဟာမိတ်တိုင်း ရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ စစ်ဒေသများ ဖွဲ့စည်းခြင်း၊ ကွပ်ကဲမှု အဆင့် ဆင့် တည်ဆောက်ပြီး တိုက်ပွဲဝင် ခြင်းဖြင့် ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲလျက်ရှိကြောင်း အသိပေး ထားသည်။

၂၀၂၄ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုမှာ ပျောက် ကြားစစ်၊ လှုပ်ရှားစစ်အဆင့်မှသည် ထုအင်အားဖြင့် မဟာဗျူဟာထိုးစစ်ဆင်လျက် မြို့သိမ်း၊ စခန်း သိမ်း တိုက်ပွဲများအဆင့်အထိ ဆင်နွှဲလာနိုင်ခြင်းဖြစ်ပြီး စစ်ရေးနည်းလမ်းအရ ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာ ရည် မှန်းချက် (၈)ရပ်ကို ချမှတ်အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၎င်းတို့မှာ –

 

၁။ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် PDF/ပကဖများကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် များ (Code of Conduct)၊ အမိန့်ပေးကွပ်ကဲမှုစနစ်(Chain of Command)နှစ်ရပ်နှင့် တိုက် စွမ်းရည် အား ကောင်းသော တပ်မတော် ဖြစ်လာအောင် တည်ဆောက်ရန်။

 

၂။ ရန်သူ့စစ်ယန္တရားကို ရုပ်ပိုင်း၊စိတ်ပိုင်းချိနဲ့အားနည်းစေရေး အဆက်မပြတ်ဆောင်ရွက်ရန်။

 

၃။ စိုးမိုးထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်ထိန်းသိမ်းရန်၊ ပြည်သူလူထုအား စစ် ကောင်စီ ၏ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရန်နှင့် စိုးမိုးထိန်းချုပ်နယ်မြေ များ တိုးချဲ့ရန်။

 

၄။ ပြည်သူ့အုပ်ချုပ်ရေး ပိုမိုအားကောင်းစေရန်အတွက် စစ်ဖက်မှ ပေါင်းစပ်ညှိနှိုင်း အားဖြည့် ဆောင် ရွက်ရန်။

 

၅။ပြည်သူလူထု၏ ထောက်ခံပါဝင်မှုကို ဆက်လက်ထိန်းသိမ်းရန်။

 

၆။မဟာမိတ်များနှင့် စစ်ရေးနိုင်ငံရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်။

 

၇။စစ်ဘက်ဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးကို တိုးချဲ့ရန်။

 

၈။ စစ်ရေးနည်းလမ်းနှင့် နိုင်ငံရေးနည်းလမ်းများ ဟန်ချက်ညီဆောင်ရွက်ရန်။

 

တို့ဖြစ်ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဘဏ္ဍာရန်ပုံငွေ၏ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံး ပြုလျက်ရှိပြီး သည်။ PDF ရဲဘော်များအနေဖြင့် နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်းအားလုံး တွင် တိုက်ပွဲ ဝင်လျက်ရှိရာအဆိုပါ အသုံးစရိတ်များမှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲခဲ့ခြင်းဖြစ် သဖြင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များအား မျှဝေထောက်ပံ့သည့်ရန်ပုံငွေများလည်း ပါဝင်ကြောင်း အသိပေးထားသည်။

 

တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ လက်နက်ခဲယမ်း မီးကျောက်ရရှိရေး၊ ဘဏ္ဍာ ရန်ပုံ ငွေ ရရှိရေး တွင် လိုအပ်ချက်နှင့် စိန်ခေါ်မှုများရှိသော်လည်း တော်လှန်လူထု၏ ပူးပေါင်းပါဝင် ထောက်ပံ့ မှု၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ဖြေရှင်း ကျော်လွှားလျက်ရှိ ကြောင်း NUG အစိုးရ ပြောဆိုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *