NUG အစိုးရ အနေဖြင့် အားနည်းချက်၊ အားသာချက်များကို မဟာမိတ်များ၊ တော်လှန်ရေး အင်အား စုများနှင့် အတူ သုံးသပ်ပြင်ဆင်၍ နွေဦးတော်လှန်ရေး အောင်ပွဲကို ချီတက် ဆင်နွှဲသွားရန် NUCC တိုက်တွန်း
သံလွင်မြန်မာသတင်း
ဧပြီလ ၁၇
NUG အစိုးရ အနေဖြင့် အားနည်းချက်၊ အားသာချက်များကို မဟာမိတ်များ၊ တော်လှန်ရေး အင်အား စုများနှင့် အတူ သုံးသပ်ပြင်ဆင်၍ နွေဦးတော်လှန်ရေး အောင်ပွဲကို ချီတက် ဆင်နွှဲသွားရန် NUCC က တိုက်တွန်း လိုက်သည်။
ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်မြောက်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထည့်သွင်းရေးသားကာ တိုက်တွန်းထားခြင်းဖြစ်သည်။
စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ် မှန်သမျှကို အဆုံးသတ်ရန်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် နှင့် တရားမျှတမှု ပြန်လည် ဖော်ဆောင် နိုင်ရန် ရည်ရွယ်ချက်များ ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ ၁၆ ရက်တွင် ၄ နှစ် ပြည့် မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများ အကြားမှပင် နွေဦးတော်လှန်ရေးကို တတိုင်း ပြည်လုံး လက်တွဲဆင်နွှဲနိုင်ရန် တပ်ဦးသဖွယ် ဦးဆောင်ကြိုးပမ်း စီမံခဲ့မှုများ အတွက် အမျိုးသားညီ ညွတ်ရေးအစိုးရကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် ချီးကျူး ဂုဏ်ပြုအပ်ပါ ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
နွေဦးတော်လှန်ရေး အတွင်း တိုးတက်ပြောင်းလဲလာသော အခြေအနေများအရ ရရှိ ထားပြီးသော အောင်မြင်မှုများကို စုစည်းကာ အဆုံးသတ်အောင်ပွဲဆီသို့ ဆက်လက် ချီတက်ရာတွင် တပ်ဦးအစိုးရ ၏ အခန်းကဏ္ဍသည် ပိုမို လေးနက်ကြီးမား လာမည်ဖြစ်ကြောင်း အသိပေးသည်။
၄ နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရကို တော်လှန်ရေးအင်အားစု အသီးသီးမှ အနှစ်သာရရှိစွာ ပါ ဝင်အားဖြည့်၍ အောင်ပွဲဝင် တပ်ဦးတရပ် ဖြစ်လာစေရန် အသင့်ပြင်ဆင် ကြရမည့် ကာလတရပ်သို့ ရောက်ရှိလာပြီလည်း ဖြစ်သည်ဟု ပြောဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အားနည်းချက် အားသာချက်များကို မဟာမိတ်များ၊ တော် လှန်ရေး အင်အားစုများနှင့် အတူ သုံးသပ်ပြင်ဆင်၍ နွေဦးတော်လှန်ရေး အောင်ပွဲကို ချီတက် ဆင်နွှဲ သွားရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ တိုက်တွန်းထားသည်။
Thanlwin Myanmar Media