NUG News

0 0
Read Time:6 Minute, 18 Second

နိုင်ငံတကာ သံတမန်အရေးလှုပ်ရှားမှုကို သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေး အပြောင်း အလဲများအပေါ် မူတည်၍ ကြိုတင် ပြင်ဆင်မှုများပြုလုပ်သွားမည်ဟု NUG ပြောဆို

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၇

 

 

နိုင်ငံတကာ သံတမန်အရေးလှုပ်ရှားမှုကို သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေး အပြောင်း အလဲများအပေါ် မူတည်၍ ကြိုတင် ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း NUG အစိုးရက အစိုးရအဖွဲ့ ၄ နှစ်ပြည့် အစီရင်ခံစာတွင် ထုတ်ဖော် ပြောဆိုထားသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနသည် “လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော” နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်ကျင့်သုံးလျက် အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတကာ၌ အသိအ မှတ်ပြုမှုရရှိရေး၊ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာကအသိအမှတ်မပြုစေရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် လက်တွေ့ကျသည့် နိုင်ငံတကာကူညီပံ့ပိုးမှုများ ရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

 

လုပ်ငန်းတာဝန်များကို ထိရောက်စွာထမ်းဆောင်နိုင်ရေးအတွက် အာဆီယံ၊ ဩစတြေးလျ နိုင်ငံ၊ ချက်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ (တောင်)ကိုရီးယားနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ယူနိုက် တက်ကင်းဒမ်းစသည့် နိုင်ငံများ၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များ ခန့်အပ် ထား ရှိပြီး ၂၀၂၄ ခုနှစ် ဇွန်လ၌ တီမောဒီမို ကရက်တစ်သမ္မတနိုင်ငံ၊ ဒီလီမြို့တော်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံတမန်ဆိုင်ရာရုံးကို စတင်ဖွင့်လှစ်ခဲ့ကာ ဒုတိယအကြီးအကဲတစ်ဦး ခန့် အပ် တာဝန်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၏ တရားဝင် ဖိတ် ကြားမှု များအရ လည်းကောင်း၊ အစည်းအဝေးများ တက်ရောက်ရန်အတွက်လည်းကောင်း နိုင်ငံပေါင်း ၁၃ နိုင်ငံသို့ ခရီးစဉ်များသွားရောက်ခဲ့ကြောင်း၊ ဒုတိယဝန်ကြီးသည် အမေရိကန်ပြည်ထောင်စုနှင့် အခြား နိုင်ငံအသီးသီးမှ အစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ အကြီးအကဲ၊ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ အမေရိကန်ပြည်ထောင်စုအတွင်း ခရီးစဉ်များ သွားရောက်ကာ လူ ထု တွေ့ဆုံပွဲများ၊ ရန်ပုံငွေရှာဖွေရေး ပွဲတော်များ၊ အထိမ်းအမှတ်နေ့ အခမ်းအနားများ တွင် ပါဝင် တက်ရောက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကုလသမဂ္ဂမျက်နှာစာတွင်လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံ အ မတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ရရှိခဲ့ပြီး မြန်မာပြည်သူလူထု၏ စစ်မှန်သော အသံကို ကိုယ်စားပြုကာ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့ အစည်း၊ နိုင်ငံအသီးသီးနှင့် အမြဲမပြတ်ထိတွေ့ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့အရေးအား နိုင်ငံတကာ အာရုံစိုက်မှုရရှိစေရေး၊ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် အရေးယူ ဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်ချက်များ၊ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများနှင့် ရှေ့လုပ် ငန်းစဉ် များကို နိုင်ငံတကာသံတမန်များထံ ရှင်းလင်းပြောကြားသည့် Online Diplomatic Briefing များကို ပုံမှန် ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ်အတွက် ဇွန်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ၃ ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

 

ကိုယ်စားလှယ်များသည် အိမ်ရှင်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများမှ အစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့ အစည်းများ၊ Think Tanks များ၊ တက္ကသိုလ်များ၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံနိုင်ရေး၊ ပြည်ပရှိ မြန်မာလူမှုအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံသားများ၏ အကျိုးစီး ပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊ မြန်မာ့အရေးကို နိုင်ငံတကာကသိရှိစေမည့် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေး၊ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရေး၊ ဝန်ကြီးဌာနများနှင့် ကဏ္ဍ အ လိုက် ပူးပေါင်းဆောင်ရွက်မှုများ စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ပိုမိုအားကောင်းခိုင်မာ ထိ ရောက်စေရေးနှင့် စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်စေရေးတို့အတွက် ပြန်လည် ဆန်း စစ် လေ့လာသုံးသပ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေးကို ပိုမိုချဲ့ထွင်နိုင်ရေး၊ နိုင်ငံတ ကာ အသိအမှတ်ပြုမှု ပိုမိုရရှိလာစေရေး၊ မြန်မာနိုင်ငံ သားများ၏ အကျိုးစီးပွားကို ထိရောက်စွာ ကာ ကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကာ သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများအပေါ် မူတည်၍ ကြိုတင် ပြင်ဆင်မှုများပြုလုပ် သွားမည် ဖြစ်ကြောင်း အစီရင်စာတွင် ပြောဆိုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *