မိုးကုတ် ၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တို့တွင် သင်္ကြန်ကာလအတွင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဧပြီလ ၁၇
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တို့တွင် သင်္ကြန်ကာလအတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ ဧပြီလ ၁၇ ရက် နံနက် ၉ နာရီ ၄၈ မိနစ်က မိုးကုတ်မြို့အနောက်ပိုင်းရှိ ကဇုတ်ရွာရွာကို အ ကြမ်းဖက်စစ်ကောင်စီတပ်က SU -30 ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ ရာ လူထိခိုက်မှုမရှိကြောင်း၊ ထိုအပြင် ထိုအကြမ်းဖက်စစ်တပ်ပိုင်ဂျက်ဖိုက်တာမှ ထပ်မံ၍ မိုးကုတ် မြို့ အနောက်ပိုင်း သစ်စမ့်ကုန်းရွာကို ပေါင် ၃၀၀ ဗုံး ၁ လုံး ကြဲချခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၁၆ ရက် နံနက် ၇ နာရီ ၁၇ မိနစ်ကလည်း သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရ သည်။
အလားတူ ဧပြီလ ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်က စဉ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာ မြောက် ဘက် နဂါးမောက်တောင်မုခ်ပေါက်အနီးကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကြာ အပစ်ခတ်ရပ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင် ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲ ခြင်းစသည့်လုပ်ရပ်များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media