ပေါက်မြို့ရဲစခန်းအနီးတွင် စစ်တပ်စစ်ကြောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၁၇
မကွေးတိုင်း၊ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်ရှီ ရဲစခန်းအနီးတွင် စစ်တပ်စစ်ကြောင်းကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးက ထုတ်ပြန် သည်။
ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန် ပေါက်မြို့၊ ရွှေပေါက်ပင် ရပ်ကွက်ရှိ ရဲစခန်း အနီး တွင် အကြမ်းဖက် စစ်ကောင်စီ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အဝေး ထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး၊ ပျူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“မိုင်းက ၂ လုံးထောင်ထားတာ တစ်လုံးက ခွဲမရလို့ ကျန်နေပါသေးတယ်။ ရခ ၁ ဦးနဲ့ ပျူ စောထီး ၁ ဦး ပွဲချင်းပြီး သေဆုံးပါတယ်” ဟု ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးက ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူ တကိုယ်တော်ကျားဇိုး (LDF) ဦးဆောင်ကာ ပေါက်မြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media