NUG News

0 0
Read Time:3 Minute, 27 Second

စစ်ကောင်စီ ထိန်းချုပ်နယ်မြေ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေး အပြီးသတ် အောင်ပွဲရယူရေးကြိုးစားရမည်ဟု NUG ယာယီသမ္မတက ပြောဆို (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၇

 

အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသော နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။

 

ယနေ့ ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့ အဖြစ် တိုင်းပြည်သို့ ပြောကြားသော မိန့်ခွန်းတွင် ၎င်း က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဒီကနေ့အချိန်မှာ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတစ်လျှောက် အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ရင်ဆိုင် ကြုံ တွေ့နေရပြီဆိုတာ အားလုံး မျက်မြင်ပဲဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ ထိန်း ချုပ်နယ်မြေက ၄ ပုံ ၁ ပုံတောင်မရှိတော့ဘူးဆိုတာကို မြေပြင်အချက်အလက်တွေက ဖော်ပြနေပါ တယ်။” ဟု NUG ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

 

နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကာလအတွင်း ပြည်သူလူထုထိခိုက်ခံစားရမှုများ ကြီးမားသလာလို တိုင်းပြည်လည်းနစ်နာခဲ့ရပြီဖြစ်ကြောင်း၊ တိုင်းပြည်နှင့် ပြည်သူ့ဘဏ္ဍာများကို ဂုတ်သွေးစုပ်ပြီး ပြည် သူကို စစ်မက်ပြုနေသည့် စစ်အုပ်စုကို တိုက်ထုတ်ရသည့် တော်လှန်ရေးဖြစ်သလို စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ၊ စစ်အာဏာရှင်အမူအကျင့်အတွေးအခေါ် မှန်သမျှကို အဆုံးသတ်ရေး အတွက် ဆင်နွှဲနေရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ၊ စစ်အာဏာရှင်အမူအကျင့်အတွေးအခေါ်မှန်သမျှ အဆုံးသတ် ရေးအတွက် ဆင်နွှဲနေရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေ အများကြီးရှိတယ် ဆိုတာကိုလည်း အရှိတရား ကျကျ ကြည့်မြင်ရမှာဖြစ်ပါတယ်။ တတ်နိုင်သမျှ ဒီတော်လှန်ရေးကို အ မြန်ဆုံး အောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူလူထုထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုး ပပျောက်သွား အောင် ကြိုးစားရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

 

ထို့ပြင် ယခု ၂၀၂၅ ခုနှစ်တွင် ကြီးမားသော တော်လှန်ရေး အလှည့်အပြောင်းဖြစ်စေရန် ပြည်သူလူထု အတွက် အပြီးသတ် အောင်ပွဲ အလင်းရောင် ယူဆောင်သွားနိုင်ရေး တော်လှန်ရေးအင်အားစုများ အားလုံးက ကြိုးပမ်းရ မည်ဖြစ်ကြောင်း ဆက်လက် တိုက်တွန်းထားသည်။

 

လက်ရှိတွင် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြို့ပေါင်း ၁၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *