ဝေါမြို့နယ်၊ လက်ပံပင်ရွာတွင် ကင်းချထားသော စစ်သားများကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၁၆
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာတွင် ကင်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၁၅ ရက် နံနက် ၈ နာရီခန့်က ဝေါမြို့နယ်၊ လက်ပံရွာတွင် ကင်းချထားသည့် အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းချိန်းစဉ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ချောင်း မြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သူတို့ကင်းချိန်းတဲ့ အျခိန် လှုပ်လှုပ်ရှားရှားဖြစ်တာနဲ့ အတည်ပြုပြီး တခါတည်းဝင်ပစ်ခဲ့တာ။ အဲဒီရွာ မှာက စခတွေ အနေများတယ်။ ကျနော်တို့တောင်ညိုတပ်ရင်းအနေနဲ့ ကျဆုံးရဲဘော်တွေအတွက် ရော၊ မိဘပြည်သူတွေအတွက်ပါ ကျနော်တို့တောင်ညိုတပ်ရင်းရဲ့ “ငါတို့တောင်ညို ဘယ်တော့မှ မပြို” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဆက်လက်ကြိုးစားနေမှာပါ” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ညို တပ်ရင်းနှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media