War Crimes News

0 0
Read Time:2 Minute, 12 Second

ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်တပ် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကိုယ်ဝန် ဆောင် အမျိုးသမီး ၁ ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ၄ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး၊ ကလေးများအပါအဝင် ၄ ဦး ဒဏ် ရာရခဲ့ကြောင်း Mon Liberazation Army က ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်က ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်လွယ်ထားရသူ အသက် ၃၇ နှစ်အရွယ် မနှင်းဦးတွင် ကျောကုန်းကျည်စဖောက်ဝင်ဒဏ်ရာရရှိပြီး ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သိရသည်။

ထို့အပြင် မြောက်ကမ္မရိုက်ကျေးရွာနေ ဦးဖိုးကျော်တွင် နဖူးထိမှန်ဒဏ်ရာ ၊ ဦးပန်းသွင်တွင် ရင်ဘတ် ကျည်စထိမှန် ဒဏ်ရာ၊ သက် ၇ နှစ်အရွယ် သဲပိုးလေးတွင် လက်မောင်းရှပ်ထိဒဏ်ရာ၊ အသက် ၉ နှစ် အရွယ် သဲမြတ်နိုးတွင် ပေါင်ရှပ်ထိ ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ အပြစ်မဲ့ပြည်သူများအပေါ် ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ရသည့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်အလွန်ဝမ်းနည်းရပါကြောင်း Mon Liberazation Army က ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများ ၊ လေယာဉ်များဖြင့် ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သောကြေင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးသတင်းများကို နားစွင့်၍ ဂရုတစိုက်နေထိုင်ပေး ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *