Magway News

0 0
Read Time:2 Minute, 33 Second

ထီးလင်း၊ ဆောနှင့်ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီက သင်္ကြန်ကာလအတွင်း လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲကာ လက်နက်ခဲယမ်းဖြည့်တင်း

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၆

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှင့်ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီတပ်က သင်္ကြန်ကာ လအတွင်း လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိက်ခိုက်ကာ လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်က ဆောမြို့နယ်မြောက်ခြမ်းတ နေရာကို နေပြည်တော် အေလာလေတပ်မှ တက်လာသော MIG -29 တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ ပြီး ထိခိုက်ပျက်စီးမှုအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေက ခက်ခဲနေလို့ ဘယ်လောက်ထိခိုက်သွား၊ ပျက်စီးမှုရှိတယ်က မသိရသေးပါဘူး။ စုံစမ်းနေတုန်းပါ” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောကြားသည်။

 

အလားတူ ယမန်နေ့ ဧပြီ ၁၅ ရက်နေ့လည်ပိုင်းကလည်း ထီးလင်းမြို့နယ်တစ်နေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကာ ထီးလင်းမြို့တွင်းသို့ Mi 17 ထောက်ပို့ ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းများ၊ လူအင်အားများ ဖြည့်တင်းခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၉ နာရီခန့်က ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဂန့် ဂေါမြို့မြောက်ဘက်သို့ လေကြောင်းကင်းထောက်ဒရုန်းများ လွှတ်တင်ကာ ကင်းထောက်မှုရှိခဲ့ ကြောင်း၊ ထိုသို့ ကင်းထောက်ခြင်းမှာ ဂန့်ဂေါမြို့တွင်းသို့ ရဟတ်ယာဥ် ဆင်းသက်ကာ စစ်အင်အား ဖြည့်တင်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က ယောဒေသကို လေကြောင်းဖြင့် အချိန်မရွေး တိုက်ခိုက်လာနိုင်သောကြောင့် မိ ဘပြည်သူများ အနေဖြင့် လေကြောင်းသတိအမြဲရှိကြရန်နှင့် လူစုလူဝေးများ မပြုလုပ်ကြရန် ဒေသ တွင်း တော်လှန်ရေးတပ်ဖွဲများက သတိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *