War Crimes News

0 0
Read Time:2 Minute, 8 Second

ဝက်လက်မြို့နယ်၊ သစ်ဆိပ်ကျေးရွာ ဆေးခန်းကို ပစ်မှတ်ထားကာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကျဲ တိုက်ခိုက်မှု ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး နေအိမ် ၂ လုံး ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၆

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာဆေးခန်းကို ပစ်မှတ်ထားကာ အကြမ်း ဖက် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ် အရွယ် ကလေးတစ်ဦး ပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး နေအိမ်၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်သူ့ အစေခံတော်လှန် ရေးတပ်ဦး ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိမ့်ကျေးရွာ ဆေးပေးခန်းကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဆေးခန်း အ နောက်ဘက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ်‌ယောက်ျားလေး ၁ ဦး အပါဝင် ၄ ဦးသေဆုံးကာ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

“ကျဲသွားတာက တစ်လုံးပဲကျသွားတာပါ၊ ဒါပေမယ့်ပေါင် ၅၀၀ ဗုံးနဲ့ချသွားတာ၊ ဆေးခန်းကို ပစ်မှတ် ထားပြီး ကျဲသွားတာပေါ့၊ အိမ် ၂ လုံးပျက်စီးသွားတယ်။ ဒဏ်ရာရက ၆ ယောက်ရှိတယ်၊ တစ်ဦးက စိုးရိမ်ရတယ်။ ၄ ဦးကသေသွားပြီ။ ၁၂ နှစ်အရွယ် ယောက်ျားတစ်ယောက်သေတဲ့အထဲမှာပါတယ်။ ကျ နော်တို့အဖွဲ့တွေတော့ ရောက်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်” ဟု ပြည်သူ့ အ စေခံ တော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *