အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိသည့် အာဆီယံခေါင်းဆောင်များကို NUG ၊ KNU ၊ KNPP ၊ CNF ၊ ABSDF ၊ WLB ၊ FRC တို့နှင့်တော်လှန်ရေးအင်အားစုများက ပြင်းပြင်း ထန်ထန် ကန့်ကွက်
သံလွင်မြန်မာသတင်း
ဧပြီလ ၁၆
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိသည့် အာဆီယံခေါင်းဆောင်များကို NUG ၊ KNU ၊ KNPP ၊ CNF ၊ ABSDF ၊ WLB ၊ FRC တို့နှင့်တော်လှန်ရေးအင်အားစုများက ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်ထားသည်။
မြန်မာပြည်သူလူထုအားနေ့စဥ်နှင့်အမျှ အကြမ်းဖက်ဖိနှိပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အာဆီယံခေါင်းဆောင်များ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံကြပြီး ငလျင်ဘေး ဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စ များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက်တိုင်းပြည်၏ ဘဏ္ဍာ ဖြင့် ဝယ်ယူထားသည့် စစ်လက်နက်ကြီးငယ်၊ တိုက်လေယာဉ်များ၊ ဗုံးများဖြင့် ပစ်ခတ်သတ်ဖြတ်နေ သော စစ်ခေါင်းဆောင်အား မြေငလျင်ဘေးဒဏ်သင့် ပြည်သူများကို လူသားချင်း စာနာထောက်ထား မှု အကူအညီပေးရေး ဟူသည့် အကြောင်းပြချက်ဖြင့် အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေး မည့် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း ယင်းအဖွဲ့အစည်းများက ပြောဆိုထားသည်။
ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုကင်းသော လူသားချင်းစာနာထောက်ထားမှုအကူအညီများအား တိုင်းပြည် နယ်နိမိတ်စုစုပေါင်း၏ (၂၂)ရာခိုင်နှုန်းကိုသာ စိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်သည့် စစ် အုပ်စုထံ တိုက်ရိုက် ဆက်ဆံပေးအပ်ခြင်း မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက ထိန်းချုပ်စီမံအုပ်ချုပ်ထားသည့် နယ်မြေများရှိ ပါဝင်ပတ်သက်သူ အစုအဖွဲ့ များအားလုံးနှင့် ချိတ်ဆက်ပေးအပ် ထောက်ပံ့ရန် လိုအပ်သည်ဟု ဆိုသည်။
စစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ပါ အခြေခံအချက် တခုဖြစ်သော အကြမ်း ဖက်မှုများကို ချက်ချင်းရပ်တန့်ရေးဆိုသည့် မူအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ရှေ့မှောက်တွင် လိုက် နာရန်သဘောတူညီခဲ့မှုအား ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေသည့် တရားခံလည်း ဖြစ်ကြောင်း အသိပေးထားသည်။
လက်ရှိတွင် စစ်အုပ်စုသည် တိုင်းပြည်၏ အချုပ်အခြာကို ထိန်းချုပ်ထားသည့် တခုတည်းသော အာ ဏာပိုင် မဟုတ်သလို ပြည်သူလူထုကို ကိုယ်စားပြုခြင်းလည်း လုံးဝမရှိတော့သည်ကို သတိချပ်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာအာဏာသည် နေပြည်တော်မှ တိုက်ရိုက်စီမံအုပ်ချုပ်နေသည့် အခြေအနေမဟုတ်တော့ပဲ နယ်မြေအသီးသီးရှိ ပြည်သူလူထု လက်ဝယ် သက်ဆင်းသွားပြီးဖြစ်သည် ကို သတိမူသင့်ပြီဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့ကြောင့်လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် စစ် အုပ်စု နှင့် ထိတွေ့ဆက်ဆံခြင်းနှင့် တိုက်ရိုက်ဦးတည်ထောက်ပံ့နေခြင်းသာမက အမှန်တကယ် ထိ ခိုက်ခံစား နေရသည့် သဘာဝဘေး ၊ စစ်ဘေးဒဏ်ခံ မြန်မာပြည်သူများ ထံသို့ အကူအညီ ပေးရေး အစီအစဥ်များ တိုက်ရိုက်ရောက်ရှိနိုင်စေရန် သက်ဆိုင်သူများအားလုံးနှင့် လုပ်ငန်းစဉ် တရပ်အဖြစ် ချိတ်ဆက် ဆောင်ရွက် သွားရန် အထူးပင်လိုအပ်ပါကြောင်း အသိပေးထားသည်။
ထို့အပြင် စစ်ဘေးဒဏ်နှင့် မြေငလျင်သဘာဝဘေးဒဏ်ကြောင့် အတိဒုက္ခရောက်နေသည့် ပြည်သူ များကို ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အရေးတကြီး ဆောင်ရွက် ရမည့် ကာလတွင် စစ်အုပ်စုက တဖက်သတ်ဦးစီးကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲဆိုသည် မှာလည်း မြန်မာ့အရေးကို ဖြေရှင်းနိုင်မည့် ဦးစားပေးလုပ်ငန်းစဉ် မဟုတ်ကြောင်း ထပ်လောင်း အသိ ပေး ထားသည်။
မြန်မာပြည်အတွင်း အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိနိုင်ရန် အတွက် မြန်မာပြည်သူလူထု၏ လိုလားချက် မျှော်မှန်းချက်များကို ကိုယ်စားပြုသည့် သဘောထား ထင်ဟပ် စေနိုင်မည့် ( Myanmar-Owned and Myanmar-led process) ဖြစ်စေရန်အတွက် စစ်ခေါင်းဆောင် နှင့် တဖက်သတ် ဆက်ဆံဆောင်ရွက်မှုများကို အထူးသတိပြုသင့်ကြောင်း ထောက်ပြထားသည်။
အာဆီယံခေါင်းဆောင်များ အနေဖြင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီများကို ခွဲခြား ဆက်ဆံမှုမရှိ ၊ ဘက်မလိုက်ဘဲ Humanitarian Principles များနှင့်အညီ ထိရောက်စွာ အကူအညီ ပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မှတဆင့် ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားသည့်အကူအညီများသည် နိုင်ငံရေးအရ အလွဲ အသုံးချ မည့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမည် ဖြစ်သောကြောင့် စစ်အုပ်စု မှတဆင့်သာ ပေးအပ်ခြင်း ကို အပြင်းအထန်ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၊ ကရင်အမျိုးသားအစည်းအရုံး- KNU၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ – KNPP ၊ ချင်းအမျိုးသားတပ်ဦး – CNF ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF ၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ -WLB ၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ FRC နှင့် အမည်မဖော်လိုသည့် အင်အားစုများက ပူးတွဲ ထုတ်ပြန်ထားခြင်းဖြစ်သည်။
Thanlwin Myanmar Media