CDM News

0 0
Read Time:1 Minute, 35 Second

ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ ပြည်သူ့စစ် ၃ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၆

 

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၆ တပ်ရင်းမှ ပြည်သူ့စစ် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force – Hakha က ထုတ်ပြန်သည်။

 

ဧပြီလ ၁၃ ရက်နေ့က ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ ဗျူဟာတွင် တာဝန်ကျနေသော ပြည်သူ့စစ် ၃ ဦးသည် စစ်ကောင်စီကို ဆန့်ကျင်၍ MA1 အမျိုးအစေား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက် နှင့် MA11 အမျိုးအစား သေနတ် ၁ လက်တို့ နှင့်အတူ Chinland Defense Force – Hakha ထံသို့ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်ခဲ့သည့် ပြည်သူ့စစ် ၃ ဦးကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆို၍ ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့် နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်မထမ်းဆောင်လိုပဲ ပြည်သူ့ရင်ခွင်သို့ ဘက် ပြောင်းချင်သူများကို Chinland Defense Force – Hakha မှ အမြဲတမ်းကြိုဆိုကြောင်း နှင့် လုံခြုံ သည့်နေရာ ရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *