NUG News

0 0
Read Time:3 Minute, 39 Second

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင် သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရားစီရင်မည်ဟု NUG ပြောဆို

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၅

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ် မှူးချုပ် အောင် သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး ထွက်ဆိုချက်နှင့်စစ်ဆေးတွေ့ရှိချက် အ ပေါ် အခြေခံ၍ တရား စီရင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြော ရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၈/၂၀၂၅ အစီအစဉ်တွင် ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဧပြီလ ၇ ရက် ည ၉ နာရီ ခန့်မှာ အင်းတော်မြို့ ဂျပန်လှိုဏ်ဂူမှာ အခြေပြုတပ်စွဲထားတဲ့ အကြမ်း ဖက်စစ်တပ် တပ်မ ၇၇ ဟာ ဝန်းရံပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စခန်းစွန့်လွှတ်ဆုတ်ခွာ သွားတာကြောင့် အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့သလို ဆုတ်ခွာထွက်ပြေးတဲ့ တပ်မမှူးနဲ့ တပ်သားတွေကိုလည်း စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဆိုင်ရာ မူဝါဒတွေနဲ့ အညီ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ စစ်သုံ့ ပန်းတွေရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံပြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စ ရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

 

NUG က ဖမ်းဆီးရရှိထားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ် တက္က သိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ နောက်ကြောင်းရာဇဝင်များကို ပြန်လည် လေ့လာကြည့် လျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန် ရန်ကုန်မှ ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်ခတ်သတ် ဖြတ်ရာတွင် အောင်သက်ဦးက ရန်ကုန် တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အဖြစ်ဖြင့် အမိန့်ပေးခိုင်းစေခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးအဖြစ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာန ချုပ်၊ ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် တပ်မ ၇၇ တပ်မမှူးဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ဗိုလ်မှူးချုပ်အောင်သက်ဦးတွင် ဇနီး ဒေါ်သက်စုနွယ်ထွန်း၊ သားအကြီးဖြစ်သူ ပြည်သျှံဦး ၊ သား အငယ် အံ့ဘုန်းဦးတို့ ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *