PDF News

0 0
Read Time:3 Minute, 17 Second

မိုးဗြဲမြို့ကို စစ်တပ်က ဆက်လက်စစ်ကြောင်းထိုးနေပြီး နေပြည်တော် PDF တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ၁ ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၃

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုး နေပြီး နေပြည်တော် PDF တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ၁ ဦး ကျဆုံးခဲ့ကြောင်း နေပြည်တော် PDF တပ်ရင်း ၈၀၅ ထံမှ သိရသည်။

 

မတ်လ ၂၂ ရက်နေ့က မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူယူ၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အမှတ်၈၀၅ တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ မှ ဒုတပ်ခွဲမှူးရဲဘော်ငတေကျဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျတာကတော့ ခွဲမှူးတစ်ယောက်တည်းပါ၊ ထိတာကတော့ နောက်ထပ် ရဲဘော် ၄ ယောက် ထိ တယ်။ စခတွေဘက်က ရှေ့ကို ဇွတ်တိုးပြီး အတင်းပစ်လို့ ကျနော်တို့ဘက်ကလည်း နောက်မဆုတ်ပဲ ခုခံကာကွယ်ရင်း ဒုခွဲမှူး ကျသွားတာ။ စခတွေဘက်ကတိုးလာရင်တော့ ကျနော်တို့ကာကင်းရဲဘော် တွေနဲ့ ထိတွေ့မှုအမြဲဖြစ်တယ်။ စခတွေဘက်က ကျဆုံးမှုတော့ မသိရဘူး” ဟု နေပြည်တော် PDF တပ်ရင်း ၈၀၅ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ရဲဘော်ငတေသည် အမှတ် ၈၀၅တပ်ရင်း၏ အပတ်စဥ် ၂ အခြေခံစစ်သင်တန်းပြီးမြောက်ပြီးနောက် ၂ နှစ်ခွဲကျော် ကျရာတာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းရွက်ခဲ့သည့် စံပြရဲဘော်ကောင်းတစ်ဦးဖြစ်ကြောင်း၊ ရဲဘော်ငတေ ဂုဏ်ရောင်ထွန်းပြောင်စွာကျဆုံးသွားသည့်အတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်း နည်း ဦးညွတ်ဂုဏ်ယူပါကြောင်း၊ တပ်ရင်း ၈၀၅ အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အားသွန်ခွန်စိုက် ပိုမိုကြိုးစား တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် နှစ်စပိုင်းမှစ၍ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းအား ပြန် လည်ထိန်းချုပ်နိုင်ရန်အတွက် လက်နက်​ကြီးပစ်ကူ၊ ဒရုန်းနှင့် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးကာ ထိုးစစ်ဆင်လျက်ရှိပြီး မဟာမိတ်တပ်ပေါင်းစုနှင့် နေ့စဥ်ရက်ဆက်တိုက်ပွဲပြင်းထန် လျက်ရှိ ကြောင်း သိရသည်။

 

ယခုလက်ရှိအခြေအနေအရ မိုးဗြဲမြို့အား ပူးပေါင်းတပ်မှ ထိန်းချုပ်ထားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်က တိုက်ပွဲဧရိယာမဟုတ်သည့် နေရာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိသဖြင့် အရပ်သား ပြည်သူများ ထိခိုက် သေဆုံးမှုများ လည်းရှိကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *