Mandalay News

0 0
Read Time:2 Minute, 9 Second

မြင်းခြံမြို့ အခြေစိုက် ခမရ ၁၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈၂ နှစ် အရွယ်အဘိုးအို ၁ ဦး သေဆုံးပြီး နေအိမ် ၅ လုံးပြာကျ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၂

 

မန္တလေးတိုင်း၊ မြင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ခမရ ၁၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈၂ နှစ်အရွယ်အဘိုးအိုတစ်ဦးသေဆုံးပြီး နေအိမ် ၅ လုံးပြာကျခဲ့ကြောင်း ဒေသ နေပြည်သူများထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၁ ရက် ည ၇ နာရီ ၂၀ မိနစ်က မြင်းခြံမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၁၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီကျေး ရွာအတွင်းရှိနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ထိုသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လက်ဝဲ+မြင်းနီရွာတွင် နေထိုင်သော အသက် ၈၂ နှစ် အရွယ် ဦးပေါသန်းကို ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီးနေအိမ် ၅ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

 

“လက်ဝဲ+မြင်းနီ ကျေးရွာကို မြင်းခြံမြို့ အမှတ် ၁၅ ခမရ ကနေ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့တာ။ အသက် ၈၂ နှစ်အရွယ် အဖိုးနေအိမ်ပေါ်ကို ဒဲ့ကျပေါက်ကွဲလို့ အဖိုးက နေအိမ်မှာပဲ ဆုံးပါးသွားရတာ။ ပြီးတော့ နေအိမ် ၅ လုံးလည်း မီးလောင်ပျက်စီးသွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ လက်ဝဲ+ မြင်းနီကျေးရွာသည် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများအပြင် မီးရှို့များအကြိမ်ကြိမ်ခံစားနေရသည့် ကျေးရွာတစ်ရွာဖြစ်ပြီး နေအိမ်အတော် များများ မီးလောင်ပျက်စီးထားကာ ရွာ၏ ၃ ပုံ ၁ ပုံသာ ကျန်ရှိတော့ ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *