War Crimes News

0 0
Read Time:1 Minute, 42 Second

ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၂

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်လေ ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည် သူများထံက သိရသည်။

 

ယနေ့ ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ် ၊ကျခတ်ကျေးရွာ ဘုန်း ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦး၊ ကပ္ပိယ အဘိုးအို ၁ ဦးနှင့် ‌အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘုန်းကြီးကျောင်း အတွင်းရှိ ကျန် ကိုရင် ၃ ပါး နှင့် ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ယာယီအပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း အပြစ်မဲ့ ပြည်သူများ နေထိုင်ရာ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများကို ပစ်မှတ် ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *