Mutraw News

0 0
Read Time:3 Minute, 1 Second

ဖာပွန်မြို့အခြေစိုက် ခမရ ၄၃၄ တပ်ရင်းနှင့် စစန – ၆၄၂ (စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန) တပ် စခန်း တို့ကို တစ်ရက်တည်းသိမ်းပိုက်ရရှိ

 

D Day News

ဧပြီလ ၂၅

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် ခမရ ၄၃၄ တပ်ရင်းနှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန (စစန) – ၆၄၂ တပ်ရင်းတို့ကို တစ်ရက်တည်းအပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

 

ဧပြီလ ၂၄ ရက် နံနက် ၄ နာရီခန့်က ဖာပွန်မြို့ခြေစိုက် ခမရ ၄၃၄ တပ်ရင်းနှင့် စစ်ဝတ်တန်ဆာစု ဆောင်းရေးဌာန (စစန) – ၆၄၂ တပ်ရင်းတို့ကို KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ တစ်ရက်တည်းအပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း စာရင်းအတိအကျကို မကြာမီအချိန်အတွင်း အသိပေး ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“လုပ်ငန်းရဲ့လုံခြုံရေးအရ၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့်လုပ်ငန်းတွေအပေါ် လုပ်ငန်းဖြစ်မြောက်ခဲ့ သမျှကို ကောက်ကာငင်ကာထပြီးမဖေါ်ပြချင်သေးဘူး။ သို့ပေသိ လတ်တလောဖြစ်ပေါ်နေတဲ့ ပြည် သူတွေစိတ်ကုန်လက်ပန်းကျစရာအကြောင်းအရာတွေတွေ့နေရတော့ မဖေါ်ပြ မဖြစ် ဖေါ်ပြ ပေးရခြင်း ဖြစ်ပါတယ်။” ရှေ့တန်းစစ်မျက်နှာအတွင်းရှိ ဗိုလ်အယ်ခူစိုးက ပြောကြားသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲနှင့် စခန်းသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်က မူတြော် ခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်လုံးကို တိုက်လေယာဥ်ဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်းလေယာဥ်ဖြင့် တိုက်ခိုက်ခြင်းတို့လုပ်ဆောင်ခဲ့ပြီး ပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

 

“အခု ကျွန်တော်တို့တစ်တွေသွားနေတာက စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ နေ့နေ့ညညတိုက်ပွဲဝင်နေပါတယ်ဆိုတာကို ပြည်တွင်း၊ နယ်စပ်၊ ပြည်ပမှာရှိနေ ကြ တဲ့ ကရင်ပြည်သူတွေရော တိုင်းရင်းသားပြည်သူတွေအားလုံးကိုပြောချင်ပါတယ်။ ရှိရှိသမျှငွေအင် အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား အားလုံးပါဝင်ပေးဆပ်ကြသူတွေကို‌ပြောချင်တာက ဒွိဟ သံသယ မဖြစ်ကြပါနဲ့ စိတ်ဓာတ်ကျဆုံးမှုတစ်စုံတစ်ရာမဖြစ်ကြပါနဲ့” ဟု ရှေ့တန်းစစ်မျက်နှာအတွင်း ရှိ ဗိုလ်အယ်ခူစိုးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *