Chin State News

0 0
Read Time:3 Minute, 44 Second

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အမျိုးသားလွတ်မြောက်ရေးတပ်တော် – NLA တပ်တော်မှ ရဲဘော် ၃ ဦး ကျဆုံးပြီး ၉ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အမျိုးသားလွတ်မြောက်ရေးတပ်တော် – NLA တပ်ဖွဲ့မှ ရဲဘော် ၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် – NLA တပ်ဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၉ ရက် ၂၀၂၄ ခုနှစ်မှ စတင်၍ ဆင်နွှဲခဲ့သော ချင်းညီနောင် Operation – CB အဖြစ် ဖလမ်းမြို့ သိမ်းစစ်ဆင်ရေးကြီးကို  ချင်းညီနောင်နှင့်အတူ မဟာမိတ်အင်အားစုများ ပူးပေါင်းစစ်ဆင် ရေးဖော် ဆောင်ခဲ့ရာတွင် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းကုန်းကြီးဖြစ်သော ခလရ ၂၆၈ စခန်းကုန်းနှင့်တကွ ဖလမ်းမြို့နယ် တစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေ အဖြစ် ဧပြီ လ ၉ ရက် ၂၀၂၅ နေ့တွင် ကြေညာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းမြို့သိမ်းစစ်ဆင်ရေးတွင် ချင်းညီနောင် CB နှင့်အတူ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ အနောက်‌ မြောက်၊ ကဘော်ဒေသ အခြေစိုက်တပ်ရင်းဖြစ်ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)မှ လည်း အတူတကွပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ရာ ရဲဘော် ၃ ဦး အသက်ပေးလှူခဲ့ရပြီး ၉ ဦးဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

“ကျနော်တို့တပ်ဖွဲ့က ရဲဘော် ၃ ယောက်ကျတယ်၊ ဒဏ်ရာရတဲ့သူက ၉ ယောက်ပေါ့၊ စစ်အာဏာရှင် ကျဆုံးသည်အထိ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ ဖလမ်း စစ်ဆင်ရေးဦးဆောင်တဲ့ CB နဲ့လည်း ကျနော်တို့က မဟာမိတ်ပေါ့၊ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေအသားကုန်သုံးတော့ ထောက်ပို့ပေးရတာ အခက်အခဲရှိတယ်။ ပြီးတော့ ဒဏ်ရာရ လူ နာတွေထုတ်ခဲ့ရတာ အခက်အခဲရှိတာပေါ့၊ ဘယ်လိုပဲ အခက်အခဲရှိပါစေ ကြံ့ကြံ့ခံတွန်းလှန်ခဲ့လို့သာ စစ်ကောင်စီကို တိုက်ထုတ်နိုင်ခဲ့တာပါ၊” ဟု အမျိုးသားလွတ်မြောက်ရေးတပ်တော် – NLA တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးက ပြောကြားသည်။

 

ချင်းညီနောင် စစ်ဆင်ရေး (Operation – CB) နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည့် မဟာမိတ် တော်လှန် ရေး အင်အားစုများ၊ အရက္ခတပ်တော် (AA) ၏ စစ်ဖက်ရေးရာ အကြံဉာဏ်များ၊ စစ်လက်နက်ခဲယမ်း များနှင့် ဖလမ်းမိဘ ပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းပါဝင်မှုများ၊ စစ်ဆင်ရေးကြီးတွင်အောင် ပွဲရသည်အထိ ရဲဝံ့စွန့်စားတိုက်ပွဲ ဝင်ခဲ့ကြသော တပ်မှူး၊ တပ်သားများ၏ ရဲစွမ်းသတ္တိ၊ ဇွဲလုံ လရှိမှုတို့ ကို အလေးအနက် ဂုဏ်ပြု အပ်ပါကြောင်း အသိပေးထားသည်။

 

စစ်ဆင်ရေးကြီးအတွင်း အသက်ပေးဆပ်စွန့်လွှတ်သွားကြသည့် အာဇာနည် သူရဲကောင်းများ၊ ကိုယ် လက် အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ကြသည့် အာဇာနည် ရဲဘော်အပေါင်းတို့ကို အမျိုးသားလွတ်မြောက် ရေး တပ်တော်မှ အစဉ်အောက်မေ့ အလေးနီပြုလျက် သမိုင်းမော်ကွန်းတင် ကဗျည်းမှတ်တမ်း ရေး ထိုး ထားမည်ဖြစ်ကြောင်း၊  ချင်းညီနောင် Operation – CB ၏ အောင်ပွဲရ ဖလမ်းမြို့သိမ်း စစ်ဆင်ရေး ကြီးအား များစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း (NLA) ၏ ဂုဏ်ပြုသဝဏ်လွှာတွင်ဖော်ပြထား သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *