Monywa News

0 0
Read Time:3 Minute, 5 Second

မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးများ လမ်းပေါ်ထွက်ပြီး ဆက်ကြေးကောက်နေစဉ် ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောပုရွာမှ ပျူစောထီးများ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တက်ပြီး ဆက် ကြေးကောက်နေစဉ် ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံး ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၅ ရက် မွန်းလွဲ ၂၁ နာရီ ၅ မိနစ်အချိန်က မုံရွာမြို့နယ်၊ တောပုပျူရွာမှ ထွက်လာသော ပျူစောထီးများသည် မုံရွေးတိုးဂိတ်အနီး၌ သေနတ်များ ပစ်ဖောက်ကာ လမ်းသွား၊ လမ်းလာ ပြည်သူ များကို ဆက်ကြေးကောက်နေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အနီးကပ်သွားရောက်ပြီး ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးနေရာမှာပင် သေဆုံး ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘက်စုံခြံကထွက်လာတဲ့ ဘူဒိုဇာကားတစ်စီးပါ စစ်ခွေးတွေနဲ့ပေါင်းပြီး တောပုရွာထဲကို ပြန်ဝင်သွား တာပါ၊ ပစ်ခတ်မှုဖြစ်တော့ တောပုရွာဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူး၊ ကျနော်တို့ ရဲဘော်နှစ်ဦးကတော့ ၄၀ မမ Error တက်ပြီး မစိုးရိမ် ရဒဏ်ရာရရှိခဲ့ပါတယ်။ နေအိမ် ၂ လုံးတော့ မီးရှို့သွားတယ်။” ဟု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ အနီးအနားရှိ မုံရွေးကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်သူ နေအိမ် ၂ လုံးကို မီးရှို့ကာ ဘက်စုံခြံမှ ထွက်လာသည့် ဘူဒိုဇာကားတစ်ီးနှင့်အတူ တောပု ရွာ အတွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၂ – Black Hunter People’s Task Force ၊မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ – Youth Vigor Revolution Force၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၂၊ တပ်ခွဲ ၄ ၊

မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ ၊ မုံရွာမြို့နယ်၊ တိုက်နယ် ၁ ပလဖ- Monywa Security Force ၊ က နောင်မင်းသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အနောက်မြောက်လွင် ပြင်တော်လှန်ရေး အင်အားစု – NPRF နှင့် Black Local Defence Forceတို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *