မြင်းခြံမြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးထက်မနည်းသေဆုံးကာ စစ်တပ်စခန်း ၂ ခုကို သိမ်းပိုက်ရရှိ
သံလွင်မြန်မာသတင်း
ဧပြီလ ၁၀
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ၅ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးထက်မနည်းသေဆုံးကာ စစ်တပ်စခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ – Zero ပြောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။
မတ် ၂၄ ရက် နံနက် ၇ နာရီခန့်က မြင်းခြံမြို့နယ်၊ မြင်းခြံ- တောင်သာလမ်းပိုင်း၊ နန်းမြင့်တောင် အနီး သို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာကာ ပြည်သူ့ကာကွယ်ရေး၏ တပ် စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ၂၄ရက်ာန့ကစဖြစ်တာပါ။ကျနော်တို့ ပြည်သူကာကွယ်ရေးတပ်ရဲ့ ဂိတ်ကို စခတွေ ဝင် ဆီးတယ် သတင်းကြားလို့ ကျနော် တို့ တပ်စိပ် သွားတယ်။ အဲဒီမှာ အပြန်လှန်ထိတွေ့မှု စဖြစ် တာပါ။ မနက်ခင်းပွဲချိန် ၇ နာရီ ၂၀ လောက်ကစတယ်။ တိုက်ပွဲကြာချိန်က၂ နာရီကျော်လောက် ကြာတယ်။အဲတိုက်ပွဲမှာ အထိခိုက်က ဘယ်သူဘက်ကမှမရှိ ခဲ့ဘူး။” ဟု မြင်းခြံခရိုင်တပ်ရင်း ၇ – Zero ပြောက်ကြားတပ်ဖွဲ့ မှ ဗိုလ်ဗညားက ပြောကြားသည်။
ထို့အပြင် ညနေပိုင်းတွင် ထပ်မံတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦး မျက်မြင်သေဆုံးမှုရှိပြီး အ များအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးဒဏ်ရာရ စစ်သားများကို ဖောကား ၁ စီး၊ လိုက် ထရပ် တစ်စီးဖြင့် သံမဏိလမ်းမှ မြင်းခြံဆေး ရုံသို့ သယ်ဆောင်သွားကြောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် မြင်းခြံမြို့မှ တောင်ရှေ့အထိ ဖောကား တစ် စီးအပြည့်နှင့်အတူ ခြေလျင်စစ်ကြောင်းထိုးကာ စစ်ကူ ထွက်လာခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန်တွင် နန်းမြင့်တောင်ပေါ်သို့ ထပ်မံစစ်ကြောင်းထိုးလာခဲ့ သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်လှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီ ခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာကာ ညနေ ၆ နာရီခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ဘက်က ဒရုန်း၊ ၄၀ မမ ၊ အီနာဂါ ဗုံးသီးနဲ့ချတာ။ စခတွေ အထိနာပြီး တောက်လျှောက် ရမ်းသမ်းပစ်တယ်။ ကျနော်တို့က နန်းမြင့်တောင်ပေါ်ကနေ နေရာယူပြီး တောင်အောက်က နေတက် လာတဲ့ စခတွေကို အပိုင်ပစ်ခတ်နိုင်ခဲ့တာ။ စခဘက်က အကျဆုံးများလို့ ညနေ ၆ နာရီ လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီးလာကြဲချသွားတာ။ အထိခိုက်တော့ မရှိခဲ့ဘူး” ဟု မြင်းခြံခရိုင်တပ် ရင်း ၇ – Zero ပြောက်ကြားတပ်ဖွဲ့ မှ ဗိုလ်ဗညားက ပြောဆိုသည်။
မတ်လ၂၆ ရက်၊၂၇ ရက်၊၂၈ ရက်နေ့တို့တွင်လည်း Zero ပြောက်ကြားတပ်ဖွဲ့အပါအဝင် တော်လှန် ရေးတပ်များက စစ်ကောင်စီစခန်းများကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ အပြန်အလှန် ပစ်ခတ် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ နတ်စင်ကုန်းစခန်း၊ ဘုရားကုန်း စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ အထိနာသော စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများ၊ ၆၀ မမများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ Zero ပြောက်ကျားတပ်ဖွဲ့မှတပ်ရေး အရာရှိ ကိုအောင်ခန့် ခြေ ထောက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“စစ်တပ်က မြင်းခြံ-တောင်သာလမ်းပိုင်းကို စိုးမိုးဖို့ လုပ်ရာကနေ တိုက်ပွဲစဖြစ်ကြတာပါ။ နှစ်ဖက် ထိတွေတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများတယ်၊ ဒေသခံ ပြည်သူတွေကတော့ ဘေးလွတ် ရာ ရှောင်တိမ်းနေကြရတယ်။ စစ်တပ်ဘက်ကလည်း လေယာဉ်တွေနဲ့ လာပစ်ကူ ပေးတာတွေ လည်း ရှိတယ်။ အခုထိ စစ်ရေးအခြေအနေက တင်းမာနေတုန်းပဲ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
Thanlwin Myanmar Media