မုံရွာမြို့၊ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
သံလွင်မြန်မာသတင်း
ဧပြီလ ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းထံမှ သိရသည်။
ဧပြီလ ၇ ရက်နေ့က မုံရွာမြို့ အမှတ် ၂ ရဲစခန်းမှ ဒု-ရဲ-အုပ်-အေး-သန်း-ထွန်း သည် G3 အမျိုးအစား ရိုင်ဖယ် သေနတ် ၁ လက် ကျည်ဘောက် ၂ ခု၊ ၇ ဒသမ ၆၂ ကျည်ဆံ ၄၉ တောင့်နှင့်အတူ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းသို့ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အသို့ အလင်းဝင်လာသည့် ဒုရဲအုပ်ကို မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း တပ်ခွဲ ၄ တပ်ခွဲမှူး ဦးဆောင် မှူးနှင့် မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း တပ်ရင်းမှူး နတ်ဆိုးနှင့် ရဲဘော်များက သွားရောက်ကြိုဆိုခဲ့ ကြောင်း သိရသည်။
အလင်းဝင်ရောက်လိုသည့် စစ်ကောင်စီတပ်သားများအနေဖြင့် မည်သည့်အချိန် ၊ မည်သည့် နေရာမဆို တိတ်တစိတ်ဆက်သွယ်နိုင်ပြီး သတင်းလုံခြုံရေးနှင့် မိသားစုလုံခြုံရေးအတွက် အလုံးစုံ တာဝန်ယူပေးပါကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media