မြိုင်မြို့နယ်တွင် ရိက္ခာရှာရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှုစစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဧပြီလ ၁၀
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၉ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က မြိုင်မြို့နယ်၊ စက်မှု ၂ ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအနက် စစ်သား ၁၀ ဦးခန့်သည် ရိက္ခာရှာဖွေရန် အထွက် ကြောင်း သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး MA 3 အမျိုးအစား သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး နှင့် အခြားခဲယမ်းများ သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည် ။
“၁၀ ယောက်လောက်ပဲ၊ ရိက္ခာရှာထွက်လာတာပါ။ ပစ်ခတ်မှုဖြစ်ပြီးတော့ ၁ ယောက်သေပြီး ကျန်ခဲ့ တာ ပါ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု ၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ၊ ကိုမုဆိုး ၊ ကိုစတီး နှင့် ကိုကင်း တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media