Political News

0 0
Read Time:4 Minute, 23 Second

၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာ သောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ညီနောင်မဟာမိတ် ပြော

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၀

 

၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဖြစ်ကြောင်း ညီနောင်မဟာ မိတ် ၃ ဖွဲ့က အသိပေးထားသည်။

 

၁၆ နှစ်မြောက် အာရက္ခတပ်တော် နှစ်ပတ်လည် အထိမ်းအမှတ်နေ့သို့ ပေးပို့သည့် ညီနောင် မဟာ မိတ် အဖွဲ့ဝင် MNTJP/MNDAA နှင့် PSLF/TNLA တို့၏ ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းပြောဆို ထားခြင်းဖြစ်သည်။

 

ရက္ခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာရက္ခအိပ်မက် လုပ်ငန်းစဉ်ကြီးကို အကောင် အ ထည် ဖော်ရန်အတွက် အာရက္ခတပ်တော် (AA) ဖွဲ့စည်းတည်ထောင်လာခဲ့သည်မှာ ယနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက် နေ့တွင် ၁၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ဤမင်္ဂလာရှိသော အခါသမယ နေ့ထူးနေ့မြတ်ကြီးတွင် အာရက္ခ တပ်တော် ခေါင်းဆောင်များ၊ တပ်မှူးများ၊ ရဲဘော်၊ ရဲမယ်များနှင့် တကွ ရက္ခိုင်ပြည်သူများအားလုံး ကျန်းမာ ရွှင်လန်းပြီး၊ တော်လှန်ရေးသတိဖြင့် အာရက္ခအိပ်မက်ကို အမြန်ဆုံး အလုံးစုံအကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုတောင်းဆန္ဒပြုထားသည်။

 

အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးရှည်ကြီးတွင် ရက္ခိုင် လူမျိုးတို့အတွက် အာရက္ခအိမ်မက် (Arakan Dream) ကို မရပ်မနားကြိုးပမ်း အကောင်အထည် ဖော်ကြသည့် အာရက္ခအာဇာနည်ရဲဘော်များ၊ တပ်ဖွဲ့ဝင်များနှင့် နည်းလမ်းပေါင်းစုံ ပေးဆပ်ပါဝင်ကြ သည့် ရက္ခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူရပြီး အာရက္ခတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ရက္ခိုင်သားတို့၏ လက်ထဲသို့ မကြာမီအချိန်တွင် မုချမသွေရောက်ရှိတော့မည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာ့စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ပြီး မြန်မာပြည်သူလူထုနှင့်ကိုက်ညီသော နိုင်ငံရေးစနစ် တစ်ခုကို ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တော်လှန်ရေးနယ်မြေဒေသ အသီးသီး တွင် တော်လှန်သည့် အာရက္ခတပ်တော်ကြီး၏ တပ်ဖွဲ့ဝင်များ တည်ရှိကာ တော်လှန်ရေးအလုပ်များ ကို လက်တွေ့ကျကျ အရှိန်အဟုန်မြှင့် ဖော်ဆောင်နေသည်မှာ မြန်မာပြည်သူလူထုတစ်ရပ်လုံး အ တွက် အားတက်ဂုဏ်ယူဖွယ် ဖြစ်ကြောင်း ဆက်လက် ပြောဆိုထားသည်။

 

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့မှ ကမကထပြု၍ အခြားမဟာမိတ်တပ်ဖွဲ့များ၊ နွေဦး တော်လှန် ရေးအင်အားစုများနှင့်အတူ အကောင်အထည်ဖော်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေး၏ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးအစပြု စစ်ဆင်ရေး ဖြစ်လာခဲ့ပြီး တော်လှန်ပြည်သူများအားလုံး၏ ထောက်ခံမှုနှင့်အတူ တော်လှန်ရေးပန်းတိုင်ကို အ ရောက်လှမ်းနိုင်မည့် ခြေလှမ်း များပင်ဖြစ်ကြောင်း အသိပေးထားသည်။

 

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွ ဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု အလေးအနက်ကတိပြုရင်း ညီနောင်မဟာမိတ်နှစ်ဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါကြောင်း ဖော်ပြထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *