CDM News

0 0
Read Time:1 Minute, 48 Second

မြစ်ခြေ-ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်မှ တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၉

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ မြစ်ချေ – ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံတွင် တာဝန်ကျနေ သော စစ်ကောင်စီတပ်က တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းပြည့်စုံဖြင့် ပြည်သူရင်ခွင်သို့ လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Southern YSO PDF က ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရေစကြိုမြို့နယ်၊ မြစ်ချေ – ကျွန်းချောင်း လျှပ်စစ်ဓာတ်အာပေးရုံး၌ တာဝန် ထမ်းဆောင်နေသော ပခုက္ကူမြို့ ခလရ ၂၅၉ တပ်ရင်းမှ တ-ပ်-ကြ-ပ် -ကို-ဖြူ-လေး သည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် Southern YSO PDF ထံ ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ချိန်တွင် လုပ်သက် ၁၀ နှစ်ခန့်ရှိပြီဖြစ်ပြီး ၎င်းနှင့်အတူ Ma2 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၅ ခု ၊ 5.56 ကျည် အတောင့် ၃၀၀ နှင့်လက်ပစ်ဗုံး ၁ လုံး တို့ယူ ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။

 

အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားကို Southern YSO PDF အဖွဲ့မှ နွေးထွေးစွာကြိုဆိုခဲ့ ပြီး ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၄၀ ချီးမြှင့်ပေးခဲ့ကြောင်း၊ ထို့အပြင် ၎င်းနေထိုင်လိုသော နေရာဒေသကို ပေးပို့ခဲ့ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *