လားရှိုးမြို့တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးသွားနေအိမ်ပိုင်ရှင်များကို MNDAA က ကျပ်သိန်း ၅၀ စီ ပေး အပ်၊ စကစလက်ထဲလွယ်လွယ်လေးပြန်အပ်သဖြင့် လားရှိုးပြည်သူများ၏ နားကြည်းစိတ်ကို ဖြေ ဖျောက်သည့် သဘောဖြင့် ပေးအပ်ခြင်းဟုဆို
သံလွင်မြန်မာသတင်း
ဧပြီလ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ထိခိုက်ပျက်စီးသွား သော နေအိမ် ပိုင်ရှင်များကို MNDAA က ကျပ်သိန်း ၅၀ စီပေးအပ်ခဲ့ကြောင်း ယနေ့ ဧပြီလ ၈ ရက် နေ့တွင် တရားဝင်သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၈ ရက်နေ့တွင် အထူးဒေသ ၁ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ တိုက်ပွဲ ကာလ အတွင်းနေအိမ်ပျက်စီးဆုံးရှုံးသွားသော ပြည်သူများအား ထောက်ပံ့ငွေကျပ်သိန်းပေါင်းတစ် သောင်းကျော် ပေးအပ်ခဲ့ကြောင်း ၊ ထိုသို့ ပေးအပ်ရာတွင် တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၅၀ နှုန်း ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်စုစုပေါင်း (၃၀၉) ခုအတွက် သိန်းပေါင်း (၁,၅၄၅,၀၀၀,၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် နေအိမ်အလုံးစုံပျက်စီး သူများကိုသာ ထောက်ပံ့ကြေး ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ကြေးပေးသည့် စာရင်းတွင်ပါဝင်သော်လည်း အဝေးရောက်နေသူဖြစ်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများတွင် အုပ် ချုပ်ရေးမှူး၊နယ်မြေမှူးများ၏ ထောက်ခံချက်ဖြင့် သွားရောက်ထုတ် ယူနိုင်ပါကြောင်း အသိပေးထားသည်။
ယင်းအခမ်းအနားသို့ အုပ်ချုပ်ရေးတာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊နယ်မြေမှူးများ၊ နေအိမ်ပျက်စီးဆုံးရှုံးသွားသောပြည်သူများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း၊ နေအိမ် အလုံးစုံ ပျက်စီးခြင်း မဟုတ်သည့် အခြားသော နေအိမ် ထိခိုက်ပျက်စီးမှုကို ထောက်ပံ့ပေးအပ်ခြင်း မရှိ ကြောင်း သိရသည်။
“သူတို့က လားရှိုးကနေ ပြန်ဆုတ်မယ်ဆိုတော့ ပြည်သူတွေက ဝေဖန်မှုများနေပြီ။ လားရှိုးမြို့ခံ တွေက သူတို့ကို မကျေနပ်ကြတော့ဘူး။ အသက်တွေရင်း၊ ဘဝတွေရင်းပြီး တိုက်ထားရတာ။ သူတို့ က စကစလက်ထဲကို လွယ်လွယ်လေးပြန်ပေးလိုက်တော့ ပြည်သူတွေရဲ့ နားကြည်းစိတ်ကို ဖြေ ဖျောက်တဲ့သဘောနဲ့ ပေးအပ်တာလို့မြင်ပါတယ်” ဟု လားရှိုးမြို့ဒေသနေပြည်သူတစ်ဦးက သုံးသပ် ပြောကြားသည်။
အထူးဒေ ၁ လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီသည် မြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်လုပ်ဆောင်င်ခဲ့သည့်အပြင် ဒေသခံ ပြည်သူ များ အတွက် ဘာသာရေးဆိုင်ရာ ပွဲတော်များ၊တိုင်းရင်းသားရိုးသားပွဲတော်များကို ကန့်သတ်မှုမရှိ လွတ် လပ်စွာကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။
Thanlwin Myanmar Media