စစ်ကိုင်းမြေငလျင်ဘေးသင့်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ထုတ်ပြန်
သံလွင်မြန်မာသတင်း
ဧပြီလ ၈
စစ်ကိုင်းမြေငလျင်ဘေးသင့်သူများနှင့်အတူ ထပ်ဝမ်းနည်းကြေကွဲရကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီက သတင်းထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း၌ စစ်ကိုင်းမြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင် ဒဏ် ကြောင့် ထိခိုက်ခဲ့ရသူများအားလုံးနဲ့အတူ လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ထပ်တူ ကြေ ကွဲဝမ်းနည်းရပါကြောင်း၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိပြည်သူ များ၊ အခြားထိခိုက်ခံစားရသော မိသားစုများနှင့် လူမှုအသိုက်အဝန်းများနှင့်အတူ စည်းလုံးညီညွတ် စွာ ရပ်တည်ကြောင်း ထုတ်ပြန်ချက်တွေင်ဖော်ပြထားသည်။
အဆိုပါ စစ်ကိုင်းမြေငလျင်ကြောင့် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်း နိုင်ငံတွင်လည်း ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှု အများအပြားသာမက ပျက်စီးမှုအမြောက်အမြား ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာအသိုက်အဝန်း၏ ထောက်ပံမှုများဖြင့် မြန်မာပြည်သူများအား အကူအညီပေးရန် တောင်း ဆို ချက်များအပေါ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပိုမိုအားကောင်းလာရန်၊ လျင်မြန်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ရန် လိုအပ်ချက်များကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် အ သိအမှတ်ပြုသည်ဟု ဆိုသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မတ်လ ၂၉ ရက် နှင့် ၃၀ ရက်နေ့များတွင် အာဆီယံ [အရှေ့ တောင်အာရှနိုင်ငံများအသင်း] ၏ နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့သည့် ကြေညာချက်များကို သတိပြုမိပါကြောင်း၊ ၄င်းထုတ်ပြန်ချက်များတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့ရသူများဆီသို့ အသက် ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ရာတွင် အနှောင့်အယှက်မရှိပဲ သို့မဟုတ် ခွဲခြားခြင်းမရှိပဲ အချိန်မီ၊ထိထိရောက်ရောက် ရောက်ရှိစေရန်အတွက် လုံခြုံပြီး လုပ်ငန်း များ လွယ်ကူချောမွေ့စေမည့်အခြေအနေတစ်ရပ်၏ အရေးပါပုံကို အခိုင်အမာ ထပ်လောင်း ပြော ကြားလိုက်ကြောင်း အသိပေးထားသည်။
ထို့ကဲ့သို့ ဘေးကင်းပြီး လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး အထောက်အကူဖြစ်စေမည့် အခြေ အနေတစ်ရပ် ဖန်တီးနိုင်ရန်အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်များကို ကြိုဆိုကြောင်း ဆက်လက်ပြောဆိုထားသည်။
အရေးပေါ်အသက်ကယ်အကူအညီ၊ ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်ကူညီကယ်ဆေးရေး လုပ်ငန်း များအား လျင်မြန်စွာလုပ်ဆောင်နိုင်ခြင်း အပါအဝင် အာဆီယံ၊ ဒေသတွင်း၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် ပိုမို ကျယ်ပြန့်သော နိုင်ငံတကာအသိုက်အဝန်းများ၏ လုပ်ဆောင်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း နှင့် ထောက်ခံအားပေးနေကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media