ပခုက္ကူမြို့အနောက်ဘက်ရှိ စစ်ရေးဂိတ်တစ်ခုအတွင်းဝင်ရောက်ရှာဖွေစဉ် MA1 သေနတ် ၁ လက် သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဧပြီလ ၇
မကွေးတိုင်း၊ ပခုက္ကူမြို့အနောက်ဘက်ရှိ အကြမ်းဖက်စစ်ဆေးကောင်စီ၏ စစ်ဆေးရေး ဂိတ်ကို ဝင် ရောက်ရှာဖွေစဉ် MA1 အမျိုအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Burma Revolution Ragers တပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ပခုက္ကူမြို့အနောက်ဘက်အထွက်တပ်မ ၁၀၁ ၊ ခမရ ၂၅၂ ၊ ၂၅၉ အနီး၌ စစ်ဆေးရေးဂိတ်ဖွင့်ကာ အတင်းအဓမ္မဂိတ်ကြေးကောက်ခံနေသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးမှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရန် သွားရောက်စဉ် စစ်ကောင်စီတပ် သားမည်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရ သဖြင့် စစ်ကောင်စီတပ်သားများ နေထိုင်ရာ ဘန်ကာ အတွင်း ဝင်ရောက်ရှာဖွေစဉ် MA1 အမျိုးအစား သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“အဲဒီနေရာက တပ်နဲ့က ခြံစည်းရိုးလေးပဲခြားတာ၊ သတင်းရထားတာက ၁၅ ယောက်အယောက် ၂၀ လောက်ရှိတယ်။ လက်နက်အင်အားကတော့ နည်းတယ်၊ ဒရုန်းတွေလည်းရှိတယ် အဲလိုသတင်းရ ထားတာ။ ကျနော်တို့အခု လုပ်ထားတဲ့ ဒရုန်းကမ်ပိန်းကလည်း လက်မှတ် အစောင်ရေ ၃၀၀၀ လုပ် ထားတာ။ ၃၀၀ လောက်ပဲ ရောင်းရသေးတယ်။ ငလျင်လှုပ်တာတွေနဲ့ဆိုတော့ ပြည်သူတွေကိုလည်း အားနာလို့ ဒီဂိတ်မှာ ဒရုန်း တွေလည်းရှိတယ် သတင်းရထားလို့ မစ်ရှင်လုပ်တာ၊ အခြေအနေကောင်း ရင် ဒရုန်းပါရနိုင်လို့ အရဲစွန့်သွားပြီး မစ်ရှင်လုပ်တာ၊ ဘန်ကာနားရောက်တော့ တစ်ယောက်မှလည်း မတွေ့ဘူး။ သူတို့နေတဲ့နေရာတွေ ဝင်ရှာတော့ ဘန်ကာတစ်ခုထဲကနေ MA1 တစ်လက်က ကျည် ဘောက်လည်း မပါဘူး၊ ထောင်ထားနဲ့ ယူပြီး ဆုတ်လာခဲ့လိုက်တာပါ၊” ဟု Burma Revolution Ragers တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Demo က ပြောကြားသည်။
အဆိုပါ လုပ်ဆောင်မှုကို Burma Revolution Rangers တပ်ဖွဲ့မှ ရဲဘော် ၂ ဦးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကျည်တစ်ချက်မှ မပစ်ဖောက်ရပဲ စစ်ကောင်စီတပ်သားများကိုင်ဆောင်သည့် MA1 အမျိုးအ စား သေနတ် ၁ လက်ကို ရရှိပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများလ လုပ်ဆောင်နေပြီး လက်နက်ခဲ ယမ်းလိုအပ်မှုကြောင့် ခုခံတိုက်ခိုက်ရန် အအခက်အခဲဖြစ်ပေါ်နေကြောင်း၊ လက်နက်ကြီး ပြောင်း ဝယ်ယူပိုင်ဆိုင်ထားသော်လည်း လက်နက်ကြီးကျည် ဝယ်နိုင်ခြင်းမရှိသေးသဖြင့် ပစ်ခတ်တိုက်ခိုက် နိုင်ခြင်းမရှိသေးကြောင်း၊ အင်တနက်လိုင်းနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း Burma Revolution Ragers တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Demo က ပြောဆိုသည်။
Thanlwin Myanmar Media