Magway News

0 0
Read Time:3 Minute, 18 Second

ပေါက်မြို့နယ်၊ ကပစ ၂၄ မှ စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်ကြောင်းမှူး နှင့် တပ်ခွဲမှူးတို့အပါအဝင် ၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၇

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာနှင့်ပေါက်မြို့ကြား ထွန်းသစ္စာဆီဆိုင်အနီးတွင် ကပစ ၂၄ မှ စစ်ကြောင်းစီတပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး နှင့် တပ်ခွဲမှူးတို့အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ဆိပ်ဖြူတကိုယ်ကျားဇိုးက ထုတ်ပြန်သည်။

 

ဧပြီလ ၃ ရက် နံနက် ၆ နာရီ ၇ မိနစ်က တစ်ကြိမ်၊ ညနေ ၂ နာရီ ၂၃ မိနစ်တွင် တစ်ကြိမ် နှင့် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၁၇မ မိနစ်တွင် တစ်ကြိမ် ပေါက်မြို့နယ်၊ အုန်းတောကျေးရွာနှင့် ယာကြီးပြင် ကျေးရွာ တို့၌ အထိုင်ချတပ်စွဲထားသော ကပစ ၂၄ မှ စစ်သားများကို ပေါက်မြို့နှင့် အုန်းတောကြား ထွန်း သစ္စာ ဆီးဆိုင်အနီး၌ မိုင်များဖြုတ်ယူနေစဉ် အဝေးထိန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ် ကြောင်းမှူး နှင့် တပ်ခွဲမှူး ငမောင် (ခေါ်) ဘကျော်တို့ အပါအဝင် ၇ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တစ်ကြိမ်မိုင်း ၁ လုံးနှုန်းနဲ့ ၃ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ၊ သေဆုံးသွားတဲ့ အရာရှိ အလောင်း ၂ လောင်းကို နဲ့ ဒဏ်ရာအပြင်းအထန်ရတဲ့ စခ ၁၁ ဦးကို Mi 17 နဲ့နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ ကို သယ်သွားတယ်။ စစ်ကြောင်းမှူးနဲ့ ခွဲမှူး ငမောင်(ခေါ်)ကကျော်က ရန်ကုန်ဇာတိလို့ သိရပါတယ်။ စစ်ကြောင်းမှူးက အူပွင့်သေတာ။ ပြီးတော့ ဒဏ်ရာရတဲ့ ၁၁ ယောက်ထဲမှာ ပေါက်၊ ယာကြီးပြင်ပျူ ရွာမှာ အထိုင်ချ ထားတဲ့ ၃ ပွင့်ဗိုလ် ခန့်မှူးမောင်လည်း ခြေတစ်လက်၊ လက်တစ်ဖက်ပြတ်တယ် လို့ရ ပါတယ်။ စုစုပေါင်း ၁၁ ဦးမှာ ခြေနှစ်ချောင်းပြတ်က ၁ ဦး၊ လက်တဖက်ပြတ်က ၂ ဦး၊ မျက်လုံး ၂ လုံး စလုံးကန်း တဲ့သူက ၂ ဦးပါ” ဟု ဆိပ်ဖြူတကိုယ်တော်ကျားဇိုးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ရခြင်းမှာ ပေါက်မြို့နယ် အနောက်ပိုင်းရပ်ကျေး ပကဖ ၂ ဦးကို စစ်ကောင်စီ တပ် သားများက စနိုက်ပါဖြင့် ခြောင်းမြောင်းပြစ်ခက်ခြင်းကြောင့် လက်တုံ့ပြန်သည့် အနေဖြင့် မိုင်းဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူတကိုယ်တော်ကျားဇိုး (LDF) ဦးဆောင်ပြီး ပေါက်တောင်ပိုင်းဇုန် ၁ ပကဖ အဖွဲ့ ၊ ရပ်ကျေး ပကဖ နှင့် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (P.D.O/P.D.A) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *