စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ချေမှုန်းမှု ဓာတ်အားခွဲရုံမှူး အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၂ ဦး သေဆုံး ၊ ထရမ်စဖော် မာ အလုံး ၈၀ ကျော် ပျက်စီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဧပြီလ ၇
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံ၌ အထိုင်ချတပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ဓာတ်အားခွဲရုံမှူး အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၂ ဦးသေဆုံးပြီး ထရန်စဖော်မာ အလုံး ၈၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနိုင်ခဲ့ကြောင်း ဗမာ့ တပ်တော် ထံက သိရသည်။
မတ်လ ၃၁ ရက် နံနက် ၅ နာရီခန့်က စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံ၌ အထိုင်ချတပ်စွဲ ထား သည့် အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများ ဖြင့် အလစ်အငိုက် ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၄ နာရီကျော် ခန့်ကြာမြင့်ခဲ့ပြီး အတွင်း ခွဲရုံးမှူး၊ အရာရှိ ၂ ဦးနှင့် အကြမ်းဖက် စစ်သား ၃၀ ကျော် သေဆုံးကာ အ များအပြား အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဓာတ်အားခွဲရုံ အတွင်း ထရန်စဖော်မာ ၈၀ လုံးခန့် ပျက်စီးကာ ကပစ ၂၀၊ ၂၁၊ ၂၅ နှင့် လစခ ၉ တို့သည် လျှပ်စစ် ဓာတ်အား လုံးဝပြတ် တောက်ကာ စစ်ဆင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုံးဝရပ်တန့်သွား ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်တပ်၏ လေကြောင်းရန် ကာကွယ်ရေးလက်နက်များနှင့် အပြစ်မဲ့ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဉ်ဗုံးများ ထုတ် လုပ်ရာ ကပစ ၂၀၊ ကပစ ၂၁၊ ကပစ ၂၅ နှင့် ဆိပ်ဖြူမြို့ အမှတ် ၉ လေကြောင်း ရန်ကာကွယ်ရေး ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်များသို့ အဓိကဓာတ်အားပေးထားသည့် နေရာဖြစ်သဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ပြည်သူများ ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ် နေသည်ကို မထောက်ထားဘဲ သဘာဝဘေးဒဏ်သင့်နေသည့်အချိန်တွင် အပြစ်မဲ့ပြည်သူများနေထိုင် ရာ နေရာ များသို့ လေယာဉ်များဖြင့် လူမဆန်စွာ ဗုံးကြဲမှုများ ဆက်လက်ဆောင်ရွက်နေသည့် အ တွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။
“တိုက်တာက ၃၁ ရက်နေ့ကတည်းက တိုက်ခဲ့တာ၊ ဒါပေမယ့် ငလျင်ဒဏ်တွေနဲ့ဘာတွေနဲ့ဆိုတော့ ကြည့်ပြီးကာမှ မတင်ဖြစ်တာပါ။ ဒီဘက်ဒေသ စလင်းနယ်ထဲမှာ စစ်ကြောင်းက ခဏခဏဝင်ရောက် နေ တာဖြစ်တဲ့ သတိထားပြီးတော့ သွားလာနေထိုင်ဖို့နဲ့ ပြီးတော့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြော ဆိုတဲ့စကားတွေ တတ်နိုင်သလောက်လိုက်နာပေးဖို့ပေါ့၊ အဲလိုမျိုးလိုက်နာမယ် ဆိုရင်တော့ အနည်းအများ အန္တရာယ်ကြားထဲမှာ မရောက်တော့ဘူးပေါ့၊ ကျနော်တို့လည်း ရှေ့ဆုံးမှာ နေပြီးကာမှ မသွားဖို့၊ မလာဖို့တွေ အခြေအနေ အကြောင်းကြောင့်ဆိုရင် သတိပေးတာမျိုး အမြဲတမ်း လုပ်ဆောင် နေကြဆိုတော့လေ အဲဒါလေးတော့ လိုက်နာစေချင်ပါတယ်။ ဒီလိုမျိုးအခုလိုကာလထဲမှာ တောင်မှ သူတို့က ထိုးစစ်ရပ်ထားတယ်ပြောနေပေမယ့် စိုးမိုးနယ်မြေထဲသူတို့ဝင်လာတဲ့အချိန်မှာ ကာကွယ်တဲ့ ဟာကိုတောင်မှ သူတို့က တိုက်ခိုက်မှုမျိုးတွေရှိလာတာဖြစ်တဲ့အတွက်ကြောင့် ကျနော် တို့လည်း မ တတ်သာဘူးလေ၊ အဲလိုမျိုးလုပ်ရတာတွေရှိတယ်။ သူတို့လည်း ပူးပေါင်း စေချင်တယ်။” ဗမာ့ တပ် တော် – အမှတ် ၃ စစ်ဦးစီးကွက်ကဲရေးရုံး၊ ကွက်ကဲရေးမှူး က ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ဗမာ့တပ်တော်၊ အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးမှူးမှ ဦးစီးလျက် ဗမာ့တပ်တော် တပ်ရင်း ၇၀၇ ၊ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် Local PDF၊ မင်း ဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ ဂန့်ဂေါခရိုင်ပူးပေါင်းတပ်ဖွဲ့၊ စလင်းမြို့နယ်ပကဖတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ် ပကဖတပ်ဖွဲ့၊ မကွေးတိုင်းဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ပွဲဝင် ချေမှုန်းခဲ့ခြင်းဖြစ်ပြီး ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပြီး တပ်ပေါင်းစုများ အောင်မြင်စွာပြန်လည်ထွက်ခွါသွားပြီးနောက် တညောင်ဓာတ်အားခွဲ ရုံအနီး တစ်ဝိုက်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ မကွေးလေတပ်မှ Jet Fighter များဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာများပျက်ဆီးပြီးအပြစ်မဲ့ပြည်သူများ ထိခိုက်သေ ဆုံးမှုရှိကြောင်း သိရှိရသည်။
ဗမာ့တပ်တော်အနေဖြင့် ပြည်သူများငလျင်ဘေးဒဏ်သင့်သည့်ဒေသများတွင် စစ်ရေးဆောင်ရွက်ခဲ့ ခြင်းမျိုးမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်မှ လေယာဉ်များဖြင့် ဆက်လက်ဗုံးကျဲတိုက်ခိုက်မှုုများ ဆောင် ရွက်နေခြင်းကြောင့် ငလျင်ဘေးဒဏ်လုံးဝလွတ်ကင်းသည့် ဒေသတွင် စစ်ဆင်ရေးဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း အသိပေးသည်။
ဗမာ့တပ်တော်နှင့် မဟာမိတ်တပ်ပေါင်းစုများမှ စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် နယ်မြေသည် ငလျင် ဘေးဒဏ်သင့်သည့် ဖြစ်စဉ်များမရှိသော်လည်း အခြား ငလျင်ဘေးဒဏ်သင့်သည့်ဒေသများရှိ ပြည် သူများ၏ ထိခိုက်ဆုံးရှုံးမှုများအား လူသားချင်းစာနာထောက်ထားမှုအရ ယခုအချိန်မှသာ သတင်း ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။
Thanlwin Myanmar Media