Sagaing News

0 0
Read Time:3 Minute, 6 Second

ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို စစ်တပ်က ညသန်းခေါင်အချိန် စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး မီးလောင်သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၇

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ သုံးပန်လှကျေးရွာကို စစ်တပ်က ညသန်းခေါင်အချိန် စက်တပ်လေ ထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းအိပ်ပျော်နေသူ ပြည်သူ ၃ ဦး မီးလောင်သေဆုံးသွား ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၆ ရက် ည ၁၁ နာရီ ၂၈ မိနစ် သန်းခေါင်ယံအချိန်က မုံရွာမြို့၊ အနောက်မြောက် တိုင်းစစ် ဌာနချုပ်မှ တက်လာသော စက်တပ်လေထီးဖြင့် ချောင်းဦးမြို့နယ်၊ သုံပန်လှကျေးရွာကို မီးလောင်ဗုံးသီး ၂ လုံး ဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးပေါ် တည့်ကျပေါက်ကွဲပြီး နေအိမ် အတွင်း အိပ်ပျော်နေသူ အသက် ၅၀ ကျော်ရွယ် အမျိုးသမီး ၂ ဦးနှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ မီးလောင်သေဆုံးသွားကြောင်း၊ ထို့အပြင် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦး တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ညဉ့်နက်သန်းခေါင်ကြီးလာချတာ၊ စက်တပ်လေထီးက မုံရွာနမခကနေ ချင်းတွင်းမြစ်ကြောင်း အ တိုင်း လိုက်လာပြီးတော့ ချတာ၊ ဗုံးက အိမ်ပေါ် ဒဲ့ကျတာ။ အပျိုကြီး ၂ ယောက်နဲ့ လူကြီး ၁ ယောက် ဆုံးတာ၊ လူပျိုကြီးက အသက် ၆၀ ကျော်တယ်။ အပျိုကြီး ၂ ယောက်မှာ တစ်ယောက်က ၅၀ ကျော်၊ ၁ ယောက်က ၆၀ ဝန်းကျင်အရွယ်တွေ။ အိပ်ပျော်နေရင်း မီးလောင်သေဆုံးရတာ။ တစ်ယောက် မီးပုံ ကြီးထဲမှာ အစတောင်ရှာမတွေ့ဘူး။ ၃ ဦးသေတယ်၊ ၂ ဦးဒစ်ရာရတယ်။ ဒဏ်ရာရတဲ့သူထဲက အမျိုး သမီးက ပေါင်ထိပြတ်ဖို့များတယ်။ အမျိုးသားက ခြေဖဝါးထိတာ။ သူက ဒဏ်ရာမများဘူး” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ငလျင်ဘေးသင့်ပြည်သူများ အ တွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုနေထိုင်ရာ ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အညာဒေသနေပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်မှ ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြရန်၊ လူစုလူဝေး မလုပ်ကြရန်နှင့် လေကြောင်းအန္တရာယ်သတိ ပေးချက်များကို လိုက်နာပေးကြပါရန် တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *