Ayeyarwaddy News

0 0
Read Time:3 Minute, 56 Second

ငပုတောမြို့နယ်တွင် စက်လှေ ၁ စီးကို ဖမ်းဆီးပြီး နှိပ်စက်ခဲ့သည့် စစ်ကောင်စီ ဗိုလ်မှူး ၁ ဦးပါ ၃ ဦး ကို နှိပ်စက်ခံရသူများက ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ရဲ ၁ ဦးသေဆုံး၊ စစ် ကောင်စီ ဗိုလ်မှူး၏ ပစ္စတိုသေနတ်ကို ယူဆောင်ကာ ခုခံသူများ ထွက်ပြေးလွတ်မြောက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၅

 

ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းနယ်မြေ ၊ ဂေါ်ရင်ဂျီကျွန်းတွင်စက်လှေ ၁ စီးဖမ်းဆီး နှိပ်စက်ခဲ့သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးပါ ၃ ဦးကို နှိပ်စက်ခံရ သူများက ပြန်လည်ခုခံ တိုက် ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး စစ်ကောင်စီဗိုလ်မှူး၏ ပစ္စတိုသေနတ်ကို ယူဆောင်ကာ ထွက်ပြေးလွတ် မြောက်သွားကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ဧပြီလ ၃ ရက် ညနေ ၅ နာရီခွဲခန့်က ငပုတောမြို့နယ်၊ ငရုတ်ကောင်းနယ် ၊ နတ်မှော်ကျေး ရွာအုပ်စု ပင်လယ်ပြင်အနီး၌ ရခိုင်တိုင်းရင်းသား စက်လှေတစ်စီးရောက်ရှိနေကြောင်း သတင်းအရ ငရုတ် ကောင်းမြို့ ၊ အုန်းကျွန်းကြီး အမြောက်တပ်မှ ဗိုလ်မှူးသန့်ဇင်လင်း ၊ ငရုပ်ကောင်းနယ်မြေ ရဲ စခန်းမှ ရဲတပ်သားမိုးထက်ဝဠာကျော် နှင့် နတ်မှော်အုပ်စု စာရေးတို့ ၃ ဦးသည် သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ဖမ်းဆီးရရှိသည့် စက်လှေကို ရှေ့မှမောင်းခိုင်း၍ ဒေသခံစက်လှေကို နောက် မှ ကြိုးဖြင့်ဆွဲကာ ငရုတ်ကောင်းနယ်မြေရဲစခန်းသို့ ခေါ်ဆောင်လာစဉ် လမ်းတလျှောက် ရိုက်နှက်နှိပ် စက်နေသဖြင့် ဂေါ်ရန်ဂျီကျွန်းအနီး နံသပုကျေးရွာ ဒေသအခေါ် ဂျိုင်လေး နေရာ အရောက် ရိုက်နှက် နှိပ်စက်ခံရသူများက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ရဲတပ်သားမိုးထက်ဝဠာကျော် သေဆုံးပြီး ဗိုလ်မှူး နှင့် စာရေးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအပြင် စစ်ကောင်စီဗိုလ်မှူး ကိုင် ဆောင်သော ပစ္စတိုသေနတ် ၁ လက်ကို ခုခံတိုက်ခိုက်သူများက ယူဆောင်ကာ ထွက်ပြေး လွတ် မြောက်သွားကြောင်း သိရသည်။

 

“ရခိုင်ဘက်ကလာတဲ့စက်လှေကို ဖမ်းလာတာ၊ ပျက်နေတဲ့ ဒေသခံစက်လှေကို နောက်ကနေကြိုးနဲ့ ဆွဲလာတယ်။ သူတို့နှိပ်စက်နေတာ မခံနိုင်တော့ သံတုတ်နဲ့ပြန်ရိုက်ပြီး ထွက်ပြေးသွားတာ၊ စခဗိုလ်ရဲ့ ပစ္စတိုသေနတ်ပါ ယူသွားတယ်လို့ သိရတယ်။ နောက်ကပါလာတဲ့ စက်လှေကိုတော့ ကြိုးကို ဓားနဲ့ ဖြတ်ထားခဲ့တယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ပြန်လည်ခုခံတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သားမိုးထက်ဝဠာကျော်မှာ ဧပြီလ ၄ ရက် နံနက် ၆ နာရီခန့်က သေဆုံးသွားပြီး ရပ်ကျေးစာရေးမှာလည်း ဓားထိုးခံရ ဒဏ်ရာဖြင့် ဆေးကုသနေကြောင်း၊ စစ်ကောင်စီဗိုလ်မှူး သန့်ဇင်လင်းမှာလည်း ပုသိမ်ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ သတိပြန်လည်လာ သ ဖြင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။

 

“သေသွားတဲ့ ရဲ မိုးထက်ကို ငရုတ်ကောင်း ကမ်းခြေဒေသကလူတွေအားလုံးက ရွံ့ရှာနေ တာကြာ ပြီ။ ပြည်သူကို တအားရိုက်လို့၊ ရပ်ကျေးစာရေးကတော့ ဓားထိုးခံရတယ်၊ မသေဘူးဗျ။ ဗိုလ်မှူးက တော့ သတိပြန်လည်လာလို့ ပုသိမ်ကနေ မင်္ဂလာဒုံစစ်ဆေးရုံကို လွှဲလိုက်တယ်၊ သူလည်း ပြည်သူ တွေအပေါ် တော်တော်ဆိုးပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *