Monywa News

0 0
Read Time:1 Minute, 42 Second

အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းသို့ ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး

 

D Day News

ဧပြီလ ၂၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ရှိ အကြမ်းဖက်စစ်ကောင်၏ အနောက်မြောက်တိုင်း စစ် ဌာန ချုပ် (နမခ) အတွင်းသို့ ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ် သား အများအပြားသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၄ ရက် ည ၇ နာရီအချိန်ခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ အတွင်း သို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဌာနချုပ်အတွင်းရှိ ဗဟို ကင်းနေရာအပါအဝင် ပစ်မှတ်နေရာတော်တော်များများကို ကျရောက်ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်တပ်မှ အရာရှိကြီးများအပါအဝင် သေဆုံးသူအများအပြားရှိကြောင်း သိရသည်။

 

“အခုက တိတိကျကျ မသိရသေးဘူး။ အဖွဲ့တွေပေါင်းပြီးလုပ်တာတော်တော်မျာများပါတယ်။ သတင်း အတိအကျရရင်တော့ ပြန်ထုတ်ပြန်ပေးမှာပါ။ အကြီးပိုင်းတော်တော်များများသေတယ်လို့ လော လောဆယ် သတင်းရထားပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က YAK – 130 တိုက်လေယာဉ်ဖြင့် ၈ ကြိမ်တိုင်တိုင် ကင်းလှည့်ပတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *