ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စီး၊ လက်နက်ကြီးဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး စစ်တပ် အသေခံဒရုန်း ၁ စီးကို PDF တပ်ဖွဲ့က ပစ်ချနိုင်ခဲ့
သံလွင်မြန်မာသတင်း
ဧပြီလ ၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စီး၊ လက်နက်ကြီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ် အသေ ခံ ဒရုန်း ၁ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၃ ရက် ည ၇ နာရီအချိန်တွင် ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ်ဘက်သို့ စကခ ၇ တပ် ရင်း မှ အသေခံဒရုန်း ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖယ်ခုံPDF 1002 တပ်ရင်းက ဒရုန်း ၁ စီးကို ပစ်ချ နိုင်ခဲ့ကြောင်း၊ ယမန်နေ့ ဧပြီလ ၃ ရက် နံနက်ပိုင်းကလည်း ယင်းစကခ ၇ တပ်ရင်းမှ လက်နက်ကြီး ဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တောင်ယာလုပ်ကိုင်နေသော ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“စကခ ၇ နေပြီး ပြည်သူလူထုနေထိုင်တဲ့ရွာတွေကို ဦးတည်ပြီး တိုက်ခိုက်တာပါ၊ ဒီနေ့မနက်လည်း မနေ့က ပစ်ချခဲ့တဲ့ ဒရုန်းကောက်ပြီးချိန်မှာ စကခ ၇ ကနေ လက်နက်ကြီးနဲ့ ၅ ကြိမ်ပစ်ခတ်ခဲ့လို့ တောင်ယာလုပ်နေတဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဖယ်ခုံ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ငလျင်ဒဏ်ကြောင့်စစ်ကောင်စီက အပစ်ရပ် ထုတ်ပြန်သော်လည်းမြေပြင်တွင် လေကြောင်း တိုက် ခိုက်မှုများ အသေခံဒရုန်းများဖြင့် နေ့စဉ်တိုက်ခိုက်လျက်ရှိပြီး တော်လှန်ရေး ရဲဘော်ရဲဘက်များ အနေဖြင့် စစ်ကောင်စီ ၏အပစ်ရပ်မှုကို လျော့မတွက်ပဲ သတိထားရန်လိုအပ်ကြောင်း အသိပေး ထားသည်။
Thanlwin Myanmar Media