Yangon News

0 0
Read Time:1 Minute, 40 Second

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် မှု ရဲ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဧပြီလ ၂၅

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့ သစ်နယ်မြေရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများ ကင်းပတ်ရန်ထွက်ခွာ လာချိန် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မိုင်းခွဲတိုက်ခိုက်ခံရပြီး မိနစ်ပိုင်းအကြာ ရွှေပေါက္ကံတံတားသို့ အကြမ်းဖက်စစ်သားများ ကား ၂ စီးဖြင့် ရောက်ရှိ လာကာ ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ် (ပကဖ) ပြည်သူကာ ကွယ် ရေးအဖွဲ့ ၂ မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *