ဘုတလင်မြို့ကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး အင်အားဖြည့်တင်းနေမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
သံလွင်မြန်မာသတင်း
ဧပြီလ ၁
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အင်အား ဖြည့်တင်းနေမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Budalin Mobile Team – ရွှေလျားစစ်ကြောင်းထံမှ သိရသည်။
ယမန်နေ့မတ်လ ၃၁ ရက် နံနက်ပိုင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ စစ်သား အင်အားအများအပြားကို ခြေလျင်စစ်ကြောင်းထိုးစေလွှတ်ကာ ဘုတလင်မြို့သို့ အင် အားဖြည့်တင်းနေခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရာလမ်းကြောင်း၌ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ထိခိုက် သေဆုံးမှုလည်း ရှိကြောင်း သိရသည်။
“အင်အားက များတယ်၊ အတိအကျမသိရဘူး။ အင်အားဖြည့်ဖို့လား၊ လူချိန်းဖို့လား တပ်အပ် ပြောလို့ မရသေးဘူး။ လက်ရှိတော့ ဘုတလင်မြို့ထဲမှာရှိသေးတယ်။ လမ်းမှာတုန်းက မိုင်းဆွဲခံရသေးတယ်။ အထိအခိုက်များတယ်လို့တော့ သိရတယ်။ လမ်းကြောင်းတလျှောက်က ပြည်သူတွေကတော့ ည တုန်းက ရှောင်နေလိုက်ရတယ်” ဟု Budalin Mobile Team – ရွှေလျားစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဘုတလင်မြို့တွင်းသို့ ရောက်ရှိပြီးနောက် လက် နက်ငယ်များ ပစ်ဖောက်ခဲ့ကာ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် စုဝေးတပ်စွဲနေကြောင်း၊ ထို့ကြောင့် ဘုတ လင် မြို့တွင်းနှင့် မြို့အနီးတဝိုက်ရှိ မိဘ ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့်နေထိုင်ပေးကြ ပါရန် မေတ္တာရပ်ခံတိုက်တွန်းထား သည်။
Thanlwin Myanmar Media