KNU News

0 0
Read Time:2 Minute, 54 Second

လယ်ဒိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ အသက် ၆ လနှင့်တစ်နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၉ ဦးဒဏ်ရာရ

 

D Day News

ဧပြီလ ၂၄

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး အသက် ၆ လနှင့် ၁ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၉ ဦးဒဏ်ရာရရှိခဲ့ ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၂၂ ရက်နှင့် ၂၃ ရက် နေ့က လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်က Jet Fighter ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ Helicopter ဖြင့် လာရောက်၍ အော်လီဂန်းဖြင့် ပစ် ခတ်ခြင်း စုစုပေါင်း ၆ ကြိမ် တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး ၉ လုံးပါပစ်ခတ်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် ဒေါ်စန်းနှင့် အသက် ၄၆ နှစ် အရွယ် ဒေါ်ကေသီထွန်းတို့ သေဆုံးခဲ့ပြီး ပြည်သူပိုင် အ ဆောက် အအုံများ၊ စာသင်ကျောင်း ၁ လုံး နှင့် ဘုန်းကြီးကျောင်း ၁ လုံး ထိခိုက် ပျက်စီးပြီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အသက် ၅၆ နှစ်အရွယ် ဒေါ်ပုချို၊ အသက် ၂၅ နှစ်အရွယ် မောင်ခိုင်ထွန်းဦး၊ အသက် စိစစ် ဆဲ ဒေါ်နန်းထွေး၊ အသက် ၆၆ နှစ်အရွယ် ညားနော်ဂေ ၊ အသက် ၆၅ နှစ်အရွယ် ဒေါ်တူးတူးဖိုး ၊ အသက် ၁၄ နှစ်အရွယ် မောင်အောင်ကောင်းမာန် ၊ အသက် ၁ နှစ်အရွယ် စောစိုင်းထက်ဦး ၊ အသက် ၁၇ နှစ်အရွယ် မောင်ထက်ချိုအောင် နှင့် အသက် ၆ လအရွယ် စောသန်းပြည့်ဇော် တို့ ၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂၂ နှင့် ၂၃ ရက်မွန်းလွဲ ၁ နာရီ ၂၈ မိနစ်အချိန်ကပိန်းဇလုပ် အခြေစိုက် ခလရ- ၂၆၄ တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝင်ဇာ လက်နက်ကြီးဖြင့် ၃ ကြိမ် စုစုပေါင်း ၇ လုံး ပစ်ခတ်ခဲ့ရာ ဘုရား ကြီးရွာနှင့် ဘောကထာကျေးရွာ ဘက်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး တချိန်တည်းမှာပင် ၆၀ မမ ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အင်ဗလာနှင့် သံဆိပ်ကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၂၁ အချိန်၌လည်း Jet Fighter လေယာဉ်တစ်စီးမှ ဘောကထာ ကျေးရွာသို့ ဗုံးသီး ၁ လုံးကျဲချခဲ့သည့်အပြင် အော်လီဂန်းဖြင့် ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *