မြေငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဩစတေးလျနိုင်ငံက ဒေါ်လာ ၂ သန်းကို ICRC မှ တ ဆင့် ထောက်ပံ့ကူညီမည်၊ စစ်အာဏာရှင်အဖွဲ့အစည်းအတွက် မည်သည့်အကူအညီမျှပေးအပ်ခြင်း မရှိသလို တရားဝင်မှုမဖြစ်စေရန် အသေအချာကြိုတင်ပြင်ဆင်မည်ဟု ဩစတေးလျထုတ်ပြန်
သံလွင်မြန်မာသတင်း
မတ်လ ၃၁
မြန်မာနိုင်ငံတွင် မြေငလျင်ဘေးဒဏ်သင့်သူများအတွက် ဒေါ်လာ ၂ သန်းကို International Committee of the Red Cross (ICRC) မှတစ်ဆင့် ထောက်ပံ့ကူညီပေးသွာမည်ဖြစ်ကြောင်း ယနေ့ မတ်လ ၃၀ ရက်နေ့တွင်တွင် ထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအား မဂ္ဂနီကျု ၇.၇ အဆင့်ရှိ မြေငလျင်ပြီးသည့်နောက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများကို အဆောတလျင်လုပ်ဆောင်နိုင်ရန်အတွက် သြစတြေးလျ မှ ကနဦး ဒေါ်လာ ၂ သန်းကို International Committee of the Red Cross (ICRC) မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နှင့်ပြီးဖြစ်သော ဆိုးရွားသည့်လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို ပိုမို ခက်ခဲစေခဲ့သည့် ဤဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် များစွာဝမ်းနည်းကြေ ကွဲရပါကြောင်း၊ အဆိုပါငလျင်သည် မန္တလေး၊ နေပြည်တော်နှင့် ပတ်ဝန်းကျင်ဒေသတို့တွင် လူ့ အ သက် နှင့်အခြေခံအဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့ပြီး ဆေးရုံများတွင်လည်း လူနာ များဖြင့်ပြည့်နှက်နေစေခဲ့ကြောင်း ပြောဆိုသည်။
အလားတူ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအပေါ်လည်း သက်ရောက်ခဲ့သည်ဟု ဆိုသည်။
သြစတြေးလျ၏အကူအညီသည် ICRC အနေနှင့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ အကူအညီများပေး အပ်ခြင်းအပါအဝင် အသက်ကယ်ဆယ်ရေးပံ့ပိုးမှုများကိုချက်ချင်းလုပ်ဆောင်နိုင်စေရန် အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
အမိုးအကာ၊ အစားအစာနှင့် သောက်သုံးရေတို့ကဲ့သို့သော အဆောတလျင်လိုအပ်ချက်များ ကိုဖြည့် ဆည်းပေးနိုင်ရန်အတွက် UN Central Emergency Response Fund (CERF) မှ အမေရိကန် ဒေါ်လာ ၅ သန်းပေးအပ်ခြင်းကိုလည်း ကြိုဆိုကြောင်း၊ သြစတြေးလျသည် CERF ၏ ကာလရှည်ပံ့ပိုး ကူညီသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပွားလျက်ရှိသည့်အကျပ်အတည်းသည် မိမိတို့ဒေသ၏တည်ငြိမ်ရေး အတွက် အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း၊ ပိုမိုဆိုးရွားလာနေသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် သြစတြေးလျမှ ဆက်လက်ကူညီပံ့ပိုးနေကြောင်း အသိပေး ထားသည်။
သြစတြေးလျအနေဖြင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံသို့ မည်သည့်တိုက်ရိုက်အကူအညီမှ ပေးအပ်ခြင်းမရှိသလို မြန်မာနိုင်ငံအတွက် မိမိတို့၏အကူအညီများသည် စစ်အာဏာရှင်အဖွဲ့ အစည်း ကို တရားဝင်စေမှုမဖြစ်စေရန် အသေအချာကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media