Disaster News

0 0
Read Time:2 Minute, 50 Second

လူသားချင်းစာနာထောက်မှုအကူအညီများကို အမှန်တကယ်နစ်နာသူများထံရောက်ရှိစေရေး ဆောင် ရွက်ပေးကြပါရန် ချင်းပြည် (Chinland) ကောင်စီ ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မတ်လ ၃၀

 

ငလျင်ဘေးကြောင့် ဒုက္ခရောက်နေကြသော မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်မှု အကူညီများ ပေးအပ်ရာတွင် အမှန်တကယ်နစ်နာသူများထံရောက်ရှိစေရေးအတွက် ဆောင်ရွက်ပေး ကြပါရန် ချင်းပြည် (Chinland) ကောင်စီက ယနေ့မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၁၂ နာရီ  ၅၁ မိနစ်တွင် 7.7 ပြင်းအားရှိ Major Earthquake ငလျှင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် နိုင်ငံအနှံ့ ပြည်သူများ ထိခိုက်သေဆုံးမှု၊ အိုးအိမ်ပျက်စီးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့သည့်အပေါ် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ချင်းပြည် (Chinland) ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ငလျင်လှုပ်မှု မှတ်တမ်းများအရ အပြင်းထန်ဆုံး နှင့် ပျက်စီးဆုံး ရှုံးမှု အများဆုံး ဖြစ်ပြီး ငလျင် ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ် လူမှုအကူအညီများ ပံ့ပိုးပေးကြပါရန် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာဖွဲ့အစည်းများ၊ NGO,၊ NGOများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ရှိမြန်မာပြည်သားများအား မေတ္တာရပ်ခံအပ်ထားသည်။

 

လူမှုအထောက်အပံ့များ လွတ်လပ်စွာ ဖြန့်ဝေခွင့် နှင့် နစ်နာ သူများထံ အမှန်တကယ်ရောက်ရှိရေးကို လည်း သက်ဆိုင်သူအားလုံးကို ထပ်ဆင့်မေတ္တာရပ်ခံအပ်ပါကြောင်း ဆက်လက်ဖော်ပြထားသည်။

 

စစ်အာဏာရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ အသက်အိုး အိမ်စည်းစိမ်များ သေကြေဆုံးရှုံး နေချိန်၊ သဘာဝ ကပ်ဘေးဆိုးကြီး ငလျင်ဒါဏ်ကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ထိခိုက် နစ်နာဆုံးရှုံးကြရသည့် မိဘ ပြည်သူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း နှင့် ဘုရားရှင်ထံမှ စိတ်နှလုံးငြိမ်းအေးခြင်း ဆုကျေးဇူးများ ခံစားရရှိစေကြောင်း ချင်းပြည် ( Chinland) ကောင်စီ က ဆုတောင်း မေတ္တာ ပို့သထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *