ကဗျာကဏ္ဍ “နန်းရင်ပြင်က ဉာဏ်ပေတုံး”
ပျိုးကြဲလက်
အာဏာ့ရှင် ဉာဏ်ရည်နုပ်လို့
ဆုတ်ယုတ်ပေါ့ ပြည်တခွင် ။
အဆောက်အဦးနဲ့ လမ်းတံတား
တည်ထားကြလျှင် ။
ပေါင်းစုလို့ ခိုးပွဲဆင်
ရေတိုပင် ပျက်မြဲ ။
ရွှေလိပ်ပြာ တောင်ပံခတ်ရင်
ပြိုမတတ်ဘဲ ။
အရည်သွေးဆို စစ်ဆေးပါ့
ငွေပေးက အလိုတူ ။
ဥပဒေ မစင်တုံးနဲ့
လိုသုံးကြည်ဖြူ ။
အာဏာရှင်တို့ တလူလူ
နောက်လိုက်တမူ ထောင်လွှား ။
ပညာကို အသပြာဖျက်တယ်
ပြည်ပျက်ရသား ။
စံပြုစရာ ဝန်ထမ်းဖျက်လို့
ပျက်ပါပေါ့ လုပ်ငန်းရှင် ။
မသမာ အာဇီဝနဲ့
လောဘစိတ်ဝင် ။
လာဘ်လာဘနဲ့ ဝင်တတ်လျှင်
ရွှေပြည်တခွင် ထင်ရာကြဲ ။
ဘေးကြုံရင် သဘာဝကို
လွှဲချမှာပဲ ။
တည်ဆောက်ချိန် စနစ်တကျကွယ့်
စခဲ့တဲ့ လုပ်ငန်းခွင် ။
လူ့အသက်နဲ့ အပျက်စီးက
ကြီးလိမ့်မထင် ။
ဉာဏ်ပေတုံးတို့ နန်းရင်ပြင်
တက်လိုက်ရင် တပြည်လုံး ။
သူကြွယ်အိမ် ဖွတ်တက်သလို
ခွက်ခွက်လန်ရှုံး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ် ၂၉ ရက် ညနေ ၅ နာရီ ၃ မိနစ်
Thanlwin Myanmar Media