နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာကို စစ်ကောင်စီတပ်က မြေငလျင်လှုပ်ခတ်နေစဉ်အတွင်း ဗုံးကြဲတိုက်ခိုက်မှု DPLA ရဲဘော်၊ ရဲမေ ၇ ဦးကျဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ နောင်လင်ကျေးရွာကို စစ်ကောင်စီတပ်က မြေငလျင် လှုပ်ခတ်နေစဉ်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ DPLA ရဲဘော်၊ ရဲမေ ၇ ဦးကျဆုံးခဲ့ ကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။
ယမန်နေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၂ မိနစ်တွင် မြေငလျင်လှုပ်ခတ်နေချိန် နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးသီး ၈ လုံးကြဲချပြီး စက်သေ နတ်ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ရာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ရဲမေ ၆ ဦးနှင့်ရဲဘော် ၁ ဦး တို့ ကျဆုံးကာ ရွာသူရွာများလည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“၂ နာရီ ၅၂ မိနစ်မှာ ငလျင် လှုပ်တာ။ မကြာဘူး ၂ နာရီ ၅၄ မိနစ်မှာ ချက်ချင်း ရောက်လာပြီး တော့ ကြဲသွားတာ။ ဆက်သွယ်ရေးက လေကြောင်း သတင်းပေးတယ်။ လေယာဉ်ကြောက်လို့ တိုက် အောက်ဆုံးထပ် ပြေးဝင်သတဲ့ ငလျင်လည်း လှုပ်ရော က တုတ်ကျင်းထဲ ထပ်ပြေးဝင်ရော အဲတာကို လေယာဉ်မှူးက ကတုတ်ကျင်းတည့်တည့်ထဲကိုမှ ဗုံးချသွားခဲ့တာ၊ ရဲမေ ၆ ဦးနဲ့ ရဲဘော် ၁ ဦး သေ တယ်၊ဗုံးကြဲရုံတင်မကဘူး။ စက်သေနတ်နဲ့တွေနဲ့ပါ ပစ်သွားသေးတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
အလားတူ ယမန်နေ့ မတ်လ ၂၈ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်တွင် ချောင်းဦးမြို့နယ်၊ နွယ်ခွေ ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လည့် စက်တပ်လေထီးဖြင့် နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြေငလျင်လှုပ်ခတ်ပြီးနောက် ညနေ ၄ နာရီဝန်းကျင်အချိန် ကရင်ပြည်နယ်၊ KNU ဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ အတွင်း လေးဝါးအထက်နားသို့ စစ်ကောင်စီတပ်က အသေခံဒရုန်း ကာမီကာဇေများဖြင့် ဗုံး ၄ လုံး ၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဖြူးမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ကျေးရွာများကို လည်း လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media