Read Time:1 Minute, 2 Second
ကဗျာကဏ္ဍ “ရင်ကွဲနာ”
ပျိုးကြဲလက်
နွေဦးမှာ ရွာတဲ့မိုးက
ဆိုးပါပေ့ ရွှေမြန်မာ ။
ရေမပါ ဖြိုင်ဖြိုင်သက်တဲ့
မျက်ရည်မိုးသာ ။
နိုင်စားသမျှ တိုးလို့ရွာ
ဝဋ်ကြွေးဘယ်ခါ ဆုံးပါဘိ ။
ရွှေမြေမှာ ကမ္ဘာပျက်တယ်
ရက်စက်ပါ၏ ။
ရာဇပလ္လင် ခွေးတက်လို့
ပြည်ပျက်ကိန်း ဆိုက်ပြီ ။
သောကြာမှာ မြေလှုပ်ပေါ့
မင်းယုတ်ပျက်မည် ။
ဗိုလ်လူအပေါင်း အလီလီ
ဆူလိမ့်မည် ပြည်စောင်း ။
နူကလီယာ အိပ်မက်ဆိုးက
နိုးထဘိတောင်း ။
လူယုတ်နဲ့ သဘာဝဘေး
ပိုက်ထွေးတဲ့ တို့ပြည်သူ ။
စွမ်းနိုင်သူ ကိုယ်စီထလို့
နိုင်ရာကကူ ။
လဲကျသရွေ့ ဖေးမထူ
တို့များအတူတူ ရိုင်းပင်း ။
ကျမျက်ရည် ကူညီသုတ်လို့
ရန်ငုတ်ကိုရှင်း ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် ည ၁၁ နာရီ ၂၅ မိနစ်
Thanlwin Myanmar Media